Skip to main content

အပူဒဏ်အန္တရာယ် သတိပြုကာကွယ်

ကမ္ဘာကြီးတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီ ဥတုဆိုးရွားလာခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီး ရေလျှံခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက် လာခြင်း စသည်ဖြင့် ဘေးဒဏ်အမျိုးမျိုးတို့ကို လူသားတို့တွေ့ကြုံရင်ဆိုင်နေကြရသည်။ အကြောင်းအကျိုးဆက်စပ်မှုဖြစ်စဉ်အရ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲများအရည်ပျော်ကာ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာသည်။ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည်။ လူသားတို့ နေထိုင်ရန်၊ စက်မှုလုပ်ငန်းများ တိုးချဲ့ရန်၊ သဘာဝသယံဇာတများ ထုတ်ယူရန် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များ ခုတ်လှဲမှုကသဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကို ပျက်စီးစေကာ ဥတုရာသီများဖောက်ပြန်ခြင်း၊ အပူ လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ် လာရသည်။ စက်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာပျက်စီးကာ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက်လာနေ သည်။ ဘယ်သူမပြု မိမိမှုဆိုသလို လူသားတို့၏ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာရသောကြောင်းကျိုးဆက်နွှယ်မှု အကြောင်းရင်းများပင် ဖြစ်သည်။

အဖိုးတန်ရေသယံဇာတကိ ထိန်းသိမ်းကြစေလို

“ထမင်းအသက်ခုနစ်ရက်ရေအသက်တစ်မနက်”ဟု ဆိုရိုးပြုရလောက်သည်အထိ ရေသည် သက်ရှိ တို့အတွက် အလွန်အရေးလှသည်။ ထို့ကြောင့် ရေကို “ဇီဝထု၏ အသက်သွေးကြော” (Bloodstream of biosphere) ဟုပင် တင်စားခေါ်ဆိုကြသည်။ ရေမရှိလျှင် သက်ရှိလောကကြီး မရှိနိုင်ပေ။သစ်ပင် ပန်းမန်တို့ မရှင်သန်နိုင်ပေ။ ရေသည် ကမ္ဘာပေါ်ရှိ သစ်ပင်ပန်းမန်နှင့် သက်ရှိ အားလုံးတို့အတွက် အဖိုး ထိုက်လှသော သယံဇာတတစ်မျိုးဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ် မတ် ၂၂ ရက်ကို “ကမ္ဘာ့ ရေသယံဇာတနေ့” (World Water Day)ဟု ကမ္ဘာ့ ကုလသမဂ္ဂက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သူရဲကောင်းများ

“စစ်ခေါင်းဆောင် သို့မဟုတ် စစ်သူကြီးမှာ ဤအရည်အသွေး ငါးရပ် ရှိအပ်သည် ၁။ ဉာဏ်ပညာကြီးခြင်း Wisdom ၂။ မှန်ကန်မှု(ရိုးသားမှု) Sincerity   ၃။ စာနာတတ်ခြင်း Humanity ၄။ ရဲစွမ်းသတ္တိ Courage ၅။ စည်းကမ်းကို တစ်သဝေမတိမ်း လိုက်နာတတ်ခြင်း strictness”
Subscribe to