ယနေ့ပြန်လည်ဆန်းသစ်၍ ခေတ်စားလျက်ရှိသော တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စာသားများရေးသားပြီး ဆရာဦးရွှေ တိုင်ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်ကြီးကို အင်အားတောင့်တင်း ခိုင်မာအောင်ပြုစု ပျိုးထောင် လိုသည်။ တိုးချဲ့ဖွဲ့စည်းရန် ဆန္ဒပြင်းပြခဲ့သည်။ ယင်းသို့ တပ်မတော်အင်အားတောင့်တင်း ခိုင်မာပါမှလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။