ပြည်သူအားလုံးနှင့် ထိုက်တန်သည့်ဒီမိုကရေစီ
ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်အုပ်ချုပ်တဲ့စနစ်တွေအနက် အခက်ခဲဆုံးစနစ်တစ်ခုဖြစ်ပြီး ပြည်သူပြည် သားတွေရဲ့ အသိဉာဏ်ပညာနဲ့ဆင်ခြင်တုံတရား မလုံလောက်ခဲ့ဘူးဆိုရင် ဒီမိုကရေစီစနစ်ဟာ ဗရုတ် သုက္ခဖြစ်စေနိုင်တယ်လို့ မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ဆိုခဲ့ဖူးသည်။
