တစ်ပါတီ ဗဟိုဦးစီးစနစ်အောက်တွင် လူလားမြောက် ကြီးပြင်းလာခဲ့ရသော်လည်း ဒီမိုကရေစီ စနစ်ကို ကျွန်တော် စိတ်ဝင်စားပါသည်။ ထိုစဉ်ကာလ ကမ္ဘာ့စင်မြင့်ထက်တွင် အမြဲတစေ တွေ့မြင်ကြားသိနေရသော ရီဂင်၊ မာဂရက်သက်ချာစသည့် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီး များကိုကြည့်ရင်း သူတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် သမ္မတရွေးကောက်ပွဲများ၊ ပါလီမန် ရွေးကောက်ပွဲများကို သဘောကျခဲ့ဖူးသည်။