Skip to main content

ပြန်လည်စုစည်းဖို့လိုအပ်နေသော မျိုးချစ်စိတ်ဓာတ်နှင့် ဆက်လက်ရှင်သန်ရမည့် ပြည်ထောင်စုစိတ်ဓာတ်

နိုင်ငံတစ်နိုင်ငံတွင် အရည်အသွေးပြည့် လူ့စွမ်းအားအရင်းအမြစ်နှင့်အတူ တန်ဖိုးအနဂ္ဂထိုက်တန်သည့် ဇာတိသွေးဇာတိမာန်စိတ်ဓာတ်၊ တစ်စိတ်တစ်၀မ်းတည်း ကျောသားရင်သားမခွဲခြားသည့် ပြည်ထောင်စုစိတ်ဓာတ်၊ ဘာသာသာသနာကို အသက်နှင့်ထပ်တူချစ်မြတ်နိုးသည့် စိတ်ဓာတ်များကား အရေးပါဆုံးနေရာများတွင် ရှိသင့်သည်။ ထိုထိုသော မျိုးချစ်စိတ်ဓာတ်များကသာ ၅၄ သန်းသော မြန်မာတို့၏ စုစည်း ညီညွတ်မှုနှင့် တိုင်းရင်းသားတို့၏ ရပ်တည်ရှင်သန်မှုကို အာမခံချက်ပေးနိုင်မည်၊ နိုင်ငံတွင်ကျရောက်နေသော အမှောင့်ပယောဂမျိုးစုံကို ချေဖျက်နိုင်မည်ဟု ယုံကြည်ပါသည်။ မျိုးချစ်စိတ် အရင်းမခံဘဲ နိုင်ငံတစ်နိုင်ငံ ပြန်လည်တည်ဆောက်ဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်ပါ။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့

နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်းကာလသည် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလဖြစ်ပါသည်။ ကျားမကွဲပြားမှု အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဟုလည်း ခေါ်ကြသည်။ ထို ၁၆ ရက် သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ နိုဝင်ဘာ ၂၅ ရက် မှစတင်ပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက် အထိဖြစ်သည်။ ထိုကာလ အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနေ့ (နိုဝင်ဘာ ၂၉ ရက်)၊ ကမ္ဘာ့ AIDS နေ့ (ဒီဇင်ဘာ ၁ ရက်) နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာ ၆ ရက်)တို့ ပါဝင်နေသည်။ ၂၀၂၁ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှား မှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” (End violence against women now) ဖြစ်သည်။

ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်

ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်

လက်ပံတန်းမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

လက်ပံတန်းမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Subscribe to