စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ လူငယ်နှင့် စာပေပွဲတော်မှာ ကျောင်းသား ကျောင်းသူ တွေ၊ လူငယ်တွေနဲ့ ပြည်သူတွေ ဗဟုသုတရရှိစေဖို့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်စာချုပ်စာတမ်းတွေနဲ့ မှတ်တမ်းမှတ်ရာတွေ၊ စာပေတိုက်အသီးသီးက ထုတ်ဝေတဲ့ စာအုပ်စာစောင်တွေနဲ့ စာပေပညာရှင် ကြီးများရဲ့ အတ္ထုပ္ပတ္တိပြခန်းတွေ၊ လေကြောင်းပြခန်း၊ ရေကြောင်းပြခန်းနဲ့ ဝန်ကြီးဌာနပြခန်းတွေ ပါဝင် မယ်လို့ သိရပါတယ်။ ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမယ်လို့သိရပြီး ၃ ရက်ကြာ ကျင်းပ မှာ ဖြစ်ပါတယ်။