ယခုရက်ပိုင်းအတွင်း ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်အား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်ရာတွင်ပါဝင်သည့် တရားခံများနှင့် လုယက်သွားသည့် ငွေများအား လုယက်သည့်နေ့ညပိုင်းနှင့် နောက်တစ်နေ့တွင် ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများ တွင် တွေ့ရပါသည်။ ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့၏ လောင်းကစားပြုလုပ်ခြင်းအတွက် ငွေကြေးလိုအပ်ချက်အရ ဘဏ်လုယက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသညဟု သတင်းတွေမှာ ဖော်ပြပါရှိသည်။