Skip to main content

ဂုဏ်ပြုနွှဲပျော် လူငယ်နှင့် စာပေပွဲတော်

အသိပညာနှင့် တွေးခေါ်ဆန်းသစ်မှုတို့ကို စဉ်ဆက်မပြတ် လေ့လာရှာဖွေနေကျသူများထဲတွင် လူငယ်တို့သည် ရှေ့တန်းမှပါဝင်နေပေသည်။ လူငယ်ဆို သည်မှာ ရဲရင့်တက်ကြွစိတ်၊ တီထွင်ဖန်တီးလိုစိတ်ဖြစ်ကာ အသစ်အသစ်များရှာဖွေရင်း ဘဝကိုလျှောက်လှမ်းနေကြ သူများဖြစ်၏။ နောင်အနာဂတ်အတွက် တိုင်းပြည်ကိုဦးဆောင်သွားကြရမည့် သူများလည်း ဖြစ်ပေရာ ထိုသူတို့သည် အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးဝေဖန်ပိုင်းခြား တတ်သော အတွေးအခေါ် ဆင်ခြင် တုံတရားတို့ဖြင့်ပြည့်စုံပြီး အစွန်းရောက်တွေးခေါ်မှုများမှ ကင်းဝေးကာ မဇ္ဈိမအလယ်အလတ်လမ်း အတွေးအခေါ်တို့ရှိကြဖို့လိုသည်။ သို့ဖြစ်၍ အသိဉာဏ်ပိုမိုရင့်သန်လာစေရန်အတွက် စာများများဖတ်ကြရပေမည်။ ခွန်အားရှိသောစာပေတို့ကို ရွေးချယ်ဖတ်ရှုရင်း ရင့်ကျက် တည်ငြိမ် သူလူငယ်များဖြစ်ရန် ကြိုးစားကြရပေမည်။

နေတတ်ခြင်း

“နေတတ်လျှင်ကျေနပ်စရာပါ”ဟု မြန်မာအများ ယုံကြည်ထားကြပါသည်။ သို့သော် “နေတတ်လိုက် တာနော်”ဟု မှတ်ချက်ပေးပါက ကိုယ့်အရေးကိစ္စမှ လွဲပြီး သူတစ်ပါး၏ အရေးကိစ္စ၊ အများကိစ္စများတွင် ပါဝင်ခြင်းမရှိဘဲ ကင်းကင်းနေသူဟူ၍ အဓိပ္ပာယ် ထွက်လေ၏။ ထိုသူတို့၏ ဆင်ခြေမှာ “ကိုယ့်ကိစ္စ ကိုယ် အာရုံစိုက်ပါ” (Mind your own business) ဟူ၍ ဖြစ်ပါ၏။ ကမ္ဘာ့အနောက်ခြမ်းနေသူများ၏ စရိုက်ဖြစ်ပြီး အရှေ့တိုင်းသား အများစုကမူ မျှဝေခြင်းနှင့် စောင့်ရှောက်ခြင်းကို ယဉ်ကျေးမှုတစ်ရပ် အနေဖြင့် ကျင့်သုံး ကြလေသည်။

သတင်းတု သတင်းမှားများကို သိရှိနိုင်သည့် နည်းလမ်းများ

၂၁ ရာစုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာများ အလွန်အမင်း တဟုန်ထိုး တိုးတက်ပြောင်း လဲလာသည်နှင့်အညီ လူနေမှုပုံစံမှာလည်း သိသိသာသာပြောင်းလဲ သွားကြသည်။ လူအများ သည် နံနက်မိုးလင်းသည်မှ အိပ်ရာဝင် မျက်လုံးမှိတ်သည်အထိ လူမူကွန်ရက် ဆိုသည့် ဖေ့စ်ဘွတ်ကြည့်ခြင်းဖြင့် အချိန်ကုန်နေ ကြသည်။ ဖေ့စ်ဘွတ်တွင် သတင်းဖတ်ခြင်းနှင့် သတင်းဖလှယ်ခြင်းအပြင် တစ်နေ့တာအဖြစ် အပျက်၊ စိတ်ခံစားမှု၊ သာရေးနာရေး၊ မိသားစုအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် တစ်နေ့တာ ဖြစ်ပျက်နေသည့် ဖြစ်စဉ်များကို အလွယ်တကူ ပွင့်ပွင့်လင်းလင်းမျှဝေ (ရဲယ်) နေကြသည်။

ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆာင်ရွက်

ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆာင်ရွက်

နေတတ်ခြင်း

“နေတတ်လျှင် ကျေနပ်စရာပါ”ဟု မြန်မာအများ ယုံကြည်ထားကြပါသည်။ သို့သော် နေတတ်လိုက် တာနော်” ဟု မှတ်ချက်ပေးပါက ကိုယ့်အရေးကိစ္စမှလွဲပြီး သူတစ်ပါ၏ အရေးကိစ္စ၊ အများကိစ္စများတွင် ပါဝင်ခြင်းမရှိဘဲ ကင်းကင်းနေသူဟူ၍ အဓိပ္ပာယ်ထွက်လေ၏။ ထိုသူတို့၏ ဆင်ခြေမှာ “ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ပါ” (Mind your own business) ဟူ၍ ဖြစ်ပါ၏။ ကမ္ဘာ့အနေဆက်ခြမ်နေသူ၏ စရိုက်ဖြစ်ပြီး အရှေ့တိုင်းသားအများစုကမူ မျှဝေခြင်း နှင့် စောင့်ရှေဝက်ခြင်းကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ကျင့်သုံးကြလေသည်။

လူတိုင်း လူတိုင်းသည် . . .

ဘဝဟူသည်က အဆက်မပြတ်သင်ယူနေရသော ဖြစ်စဉ်တစ်ရပ်ပင် ဖြစ်သည်။ မွေးကင်းစ လူမှန်းသိစအရွယ်မှစကာ မိမိက ဘာသာစကား မတတ်သေးခင်မှာ ပင် ငိုခြင်းအသံပြုခြင်းဖြင့် ဆက်သွယ်သင်ယူသည်။ နို့ဆာပြီ ချိုတိုက်ကျွေး ပါဟု အချက်ပြအော်ငိုမည်။ အခင်းအဝတ်သေး စိုနေပြီ၊ ကျောအေးနေပြီဟု အချက်ပြအော်ငိုမည်။ နို့ဆာ၍ ငိုသံပေးသောအခါ နို့တိုက်ကျွေး သည်။ အခင်းအဝတ်စိုရွှဲနေခြင်းကို သိရသဖြင့် နွေးထွေး သောအဝတ်ကို လဲလှယ်ပေးသည်ကို ခံစားရသည်။ မွေးမိခင်၏ရင်ခွင်ထဲမှစတင်၍ အရာရာကို သင်ယူလာရသည်။
Subscribe to