Skip to main content

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ သက်ကြီးသတင်းစာ ဆရာများအား ပထမအကြိမ် ပူဇော် ကန်တော့ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ သက်ကြီးသတင်းစာ ဆရာများအား ပထမအကြိမ် ပူဇော် ကန်တော့ပွဲ အခမ်းအနားကျင်းပ

ပိုမိုကောင်းမွန်သော အနာဂတ်များဖြင့် နှစ်သစ်ကို ကြိုဆို

ခရစ်နှစ်အားဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂သို့ ကူးပြောင်းခြင်းပေတည်း။ မြန်မာသက္ကရာဇ်အားဖြင့် ၁၃၈၃ ခုနှစ်နတ်တော်လ။ ရာသီဥတုအားဖြင့် ဟေမန္တ ဆောင်းရာသီဖြစ်သည်။ နံနက်ခင်းတွင် မြူနှင်းမှုန်များကြား အေးစိမ့်စိမ့်ဖြင့် ကိုယ်စိတ်နှလုံး အေးချမ်းလှပါ၏။ အေးမြမြနံနက်ခင်းတွင် ကြည်လင်သောစိတ်တို့သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းလာပြန်၏။ သဘာဝလောကဓာတ်ကြီးပင် ဆောင်းဥတုနှင့်အတူ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတို့ကို ဖော်ကျူးနေပေသည်။ မိမိတို့လူသားများ အနေဖြင့်ရော နှစ်သစ်ဆောင်းဥတုနှင့်အတူအေးချမ်းမှု၊ ငြိမ်းချမ်းမှု ရှိစေချင်လှသည်။

အိုမီခရွန်တဲ့

သမားအိုတစ်ယောက်အတွက် အနာမျိုး ကိုးဆယ့်ခြောက်ပါးဆိုတာက မဆန်းပါဘူး။ ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် အခုကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ဆိုးကြီးကိုတော့ အားငယ်စွာနဲ့ ရင်ဆိုင်နေရတာ အမှန်ပါပဲ။

လွတ်လပ်အမွေ စောင့်ထိန်းလေ

ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါ ပို၍သိရသကဲ့သို့ လွတ်လပ်ခြင်း၏ တန်ဖိုးအနှစ်သာရကို လွတ်လပ်ရေး ဆုံးရှုံးသည့်အခါတွင် ပိုမိုသိရှိကြလိမ့်မည်ဖြစ်သည်။ စာရေးသူသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှသာ မွေးဖွားလာသည့်အတွက် သူ့ကျွန်ဘဝရောက်ရှိစဉ် အတွေ့အကြုံများကို သမိုင်းစာမျက်နှာများမှ ပညာရှင်များ၊ စာရေးဆရာများ ရေးသားသော စာအုပ်များကို ဖတ်ရှုခဲ့ရပြီး စာသိ၊ တစ်ဆင့် အသိဖြင့်သာ သိရှိလေ့လာခဲ့ရပါသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၏ အဖြစ်သနစ်များ၊ နာကြည်းကြေကွဲဖွယ် ခံစားမှုများကို စာပေများထဲမှာသာ ဖတ်ရှုခဲ့ရဖူးပါသည်။

မင်္ဂလာပါ ၂၀၂၂

၂၀၂၁ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂ခုနှစ် နှစ်သစ်သို့ကူးပြောင်း ပေတော့မည်။ ကုန်လွန်ခဲ့သော ၂၀၂၀၊ ၂၀၂၁ ခုနှစ် ထိုနှစ်နှစ်ကတော့ စိတ်မချမ်းမြေ့ဖွယ်ရာများသာ ပြည့်နှက်နေခဲ့သည်။ ၂၀၁၉ကုန်ဆုံး၍ ၂၀၂၀ နှစ်သစ်ကူးကာလတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံးသည် Happy New Year ဟူ၍ ၂၀၂၀ နှစ်သစ်ကို ပျော်ရွှင်စရာနှစ်သစ်အဖြစ် ကြိုဆိုခဲ့ကြပါသည်။

ဒုတိယသာလွန်

အာဟာရသုတေသီများက မြန်မာအမျိုးသားကြီးတစ်ယောက်အတွက် နေ့စဉ်လိုအပ်သောအာဟာရ ထဲတွင် ဆန်နို့ဆီဘူးနှစ်လုံး အနည်းဆုံးလိုအပ်သည်ဟုဆို၏။ သို့ဖြစ်၍ နှစ်လခန့်အတွင်း ဆန်တစ် တင်းစားပြီး တစ်နှစ်လျှင် ဆန်ခြောက်တင်းမျှ (သုံးတင်းဝင် နှစ်အိတ်မျှ) စားသုံးရန်သင့်သည်ဟု အကြံပြုခဲ့ကြပါသည်။

ဇာတိမာန်နှင့်လွတ်လပ်ရေး

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို အမှတ်ရကြ၊ မမေ့ကြသည့်နည်းတူ မြန်မာတို့၏ ဇာတိသွေးဇာတိမာန် ကိုလည်း မမေ့ကြပါချေ။ မြန်မာ့လွတ်လပ်ရေးဆုံးရှုံး၍ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်ရောက်နေချိန်ဝယ် မြန်မာတို့၏ မျိုးရိုးဇာတိမာန်ကို အုပ်စိုးသူတို့က နည်းအမျိုးမျိုးဖြင့် ချိုးနှိမ်ခဲ့ကြသည်။ တစ်မျိုး သားလုံး သူ့ကျွန်ဖြစ်၍ နင်းပြားဘဝသို့ရောက်နေသော ထိုအချိန်ဝယ် လွတ်လပ်ရေးအတွက် မြန်မာတို့၏ဇာတိမာန်သည် ရှင်သန်မြဲဖြစ်သည်။

ထာဝရငြိမ်းချမ်းပါစေ ဇွဲကပင်မြေ

သာစွဌာနေ ဇွဲကပင်မြေသို့ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလက လုပ်ငန်းတာဝန်ဖြင့် ကျွန်တော် အကြိမ်ကြိမ်ရောက်ခဲ့သည်။ တိတိကျကျဆိုလျှင် ၁၉၉၃ ခုနှစ် ဇန်နဝါရီလထဲတွင် KNU မှ ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင်တို့က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ထိုင်းတပ်မတော်မှတစ်ဆင့် ကမ်းလှမ်း ခဲ့ရာမှအစပြု၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရနှင့် KNU တို့အကြား ၁၉၉၄-၉၅၊ ၂၀၀၃-၂၀၀၄ ခုနှစ်တို့တွင် ငြိမ်းချမ်းရေး အတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇွဲကပင်မြေတစ်ဝန်း သေနတ်သံ၊ အမြောက်သံများ တိတ်ဆိတ် ငြိမ်သက်သွားပြီး ဖားစည်သံတညံညံ ထွက်ပေါ်လာသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း အချိန်ကာလ များဖြစ်သည်။

အနည်းဆုံးအခကြေးငွေနှုန်းထားနှင့် မြန်မာ့အဝတ်အထည်လုပ်ငန်း အခြေအနေမှန်

လွန်ခဲ့သည့်ရက်ပိုင်းက အလုပ်သမားအဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အခြေ အနေသည် တစ်နေ့တခြား ပိုဆိုးလာကြောင်း၊ ယခုအခါ အလုပ်သမားများကို တစ်ရက်လျှင် ကျပ် ၃၆၀၀ သာရမည်ဟု အချို့သောစက်ရုံများတွင် ကြေညာမှုများရှိလာကြောင်း၊ တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီ ဆိုသည်မှာ အာမခံချက်မရှိကြောင်း၊ စက်ရုံအများအပြားတွင် အဓမ္မလုပ် အားပေးခိုင်းစေမှုများ များပြားလာကြောင်း၊ နိုင်ငံတကာအမှတ်တံဆိပ် အများအပြား သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အခွင့်ကောင်းယူခြင်းဖြင့် မြန်မာအလုပ်သမားများကို အမြတ်ထုတ်သည့်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း စသည်ဖြင့် ထုတ်ပြန် ထားသည်ကို တွေ့လိုက်ရသည်။
Subscribe to