ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ ပတ်ဝန်းကျင်ကို ဖန်တီးတာပါပဲ။ ကံကောင်းခြင်း ကိုရနိုင်၊ မရနိုင်ဆိုတာ တကယ်တော့ မိမိကိုယ်တိုင်နဲ့သာ သက်ဆိုင်တာပဲ။ မိမိအပေါ်မှာပဲ မူတည်တယ်။
ဘဝတစ်ခုဟာ အစပြုတာရှိသလို အဆုံးနိဂုံးလည်း ရှိပေတာပေါ့။ ခရီးတစ်ခု သွားနေသလိုပါပဲ။ မုချရောက်ရမယ့် ဘူတာစဉ်တွေမှာ မှတ်တိုင်စာရင်း ထိုးထားတယ်လေ။ ဘာတဲ့လဲ။
ထွက်ခွာရွေ့လျား ရှေ့ကိုသွားရင်းတွေ့ရမယ့် ဘူတာတွေက အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေလွန်ခြင်း။ ဟုတ်တယ်။ ဒီဘူတာစဉ်အတိုင်း မလွဲမသွေ ဖြတ်သန်းနေကြတာပေပဲ။ သင့်ရဲ့လက်ကျန်ဘဝ ဟာ ကြာလေလေ နည်းလေလေပေါ့။