လွတ်လပ်ရေးနှင့်အတူ ကြီးပြင်းကြရာဝယ်
အခြေအနေ(၁)
လွတ်လပ်ရေးရပြီးလို့ ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်မှာ ဖွံ့ဖြိုးမှု အလားအလာ အကောင်းဆုံး နိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ ပါတယ်။ မြန်မာဟာ လွတ်လပ်စနိုင်ငံ၊ သယံဇာတ ကြွယ်ဝမှု၊ မြန်မာတို့ရဲ့ ကြိုးစားရိုးသားမှုကို အခြေခံ ပြီး မှတ်ချက်ချတာ ဖြစ်ပါတယ်။ တောင်-မြောက် ကိုရီးယားနိုင်ငံတို့ဟာ အချင်းချင်းစစ်ဖြစ်နေတဲ့ ကာလမို့ မြန်မာကဆန်တင်ပို့နိုင်တဲ့ သဘောကြောင့် ချမ်းသာဖို့အလားအလာရှိတယ်လို့ ခန့်မှန်းတာလည်း ဖြစ်နိုင်ပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက ဦးသန့်အား မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ကျမ်းတစ်စောင် ရေးသားရန် အကြံဉာဏ်ပေးတာကြောင့် ဦးသန့်ဟာ ၁၉၅၄ အလယ်ခန့်တွင် “ပြည်တော်သာခရီး” ဟူသော ကျမ်းပထမတွဲကို အပြီးအစီးရေးသားခဲ့ပါတယ်။
