Skip to main content

တက္ကသိုလ်များ သင်ကြားသင်ယူမှုမထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့

မကြာမီကာလအတွင်း တက္ကသိုလ်ကျောင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်း တက္ကသိုလ်များအားလုံး အချိန်မီဖွင့်လှစ် နိုင်ရေးအတွက် နိုင်ငံတော်က သက်ပေါင်စုံ ပိုး မှုများပေး၍အစွမ်းကုန်ဆောင်ရွက်ကာတွန်း ပေးလျက်ရှိပါသည်။ သက်ဆိုင်ရာပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာနကလည်း တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများ ခန့်အပ်ခြင်း နှင့်အတူ ၎င်းဆရာ ဆရာမများ တက္ကသိုလ်ပညာရေးစနစ်၊ သုတေသန၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးစွမ်းရည် မြင့်သင်တန်း များကိုပါ သင်ကြားပို့ချပြီးဖြစ်ပါသည်။

ကြိုတင်ကာကွယ် မီးဘေးအန္တရာယ်

၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး သည် ကျပ်၆၄၇၆သန်းရှိခဲ့ပြီး၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ၁၁ လအတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၂၈၂၆ ဒသမ ၂၈၃ သန်းရှိသောကြောင့် ဆုံးရှုံးမှုတန်ဖိုး မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၏စာရင်းများအရ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ မီးလောင်မှု ၁၉၄၉ ကြိမ် ရှိပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အကြိမ်ရေ ၁၉၉၀ ရှိခဲ့သည်ဟု ဆိုသည်။ နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့သည် မီးလောင်မှုများသည့်ကာလ ဖြစ်သောကြောင့် မီးလောင်မှုမဖြစ်အောင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မီးဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး ဆောင်ရွက်လျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ ဗမာ့လွတ်လပ်ရေးအရေးတော်ပုံနဲ့မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေး

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဂျပန်တို့က “ရွှေရည်စိမ်လွတ်လပ်ရေး” ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် “ဗမာ့ခေတ်သတင်းစာမှာ “ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ” ဆောင်းပါးရှည်ကြီးနဲ့ မြန်မာ ပြည်သူတွေကို အသိပေးတပ်လှန့်ရေးသားခဲ့တာ သမိုင်းတင်တဲ့အနေနဲ့ ကောက်နုတ်တင်ပြ လိုက်ရပါတယ်။

သောဝစဿတာ

ဆိုဆုံးမလွယ်သူဖြစ်ခြင်းသည် မင်္ဂလာတရားတော်နှင့် ညီ၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ မိဘ၊ ဆရာများက ဆိုဆုံးမသည့်အခါ ကောင်းစွာနာယူလိုက်နာခြင်းသည် ကောင်းမြတ်သော အကျင့်ဖြစ်ပါသည်။ တချို့က ပြောဆိုဆုံးမသည့်အခါ မလိုက်နာသည့်အပြင် ပြက်ရယ်ပင် ပြုတတ်ကြပါသည်။ လုပ်ငန်းခွင်ထဲတွင်လည်း မိမိထက် ရာထူးကြီးသူ၊ မိမိထက် အတွေ့အကြုံ များသူ၊ မိမိထက် အသက်ကြီးသူများက ပြောဆိုဆုံးမသည့်အခါ လေးလေးစားစား လိုက်နာရန်လိုပါသည်။ ပြောဆိုဆုံးမခြင်းများကို မလိုက်နာလျှင် ဘဝတစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုရရန် ခက်သလို ရေရှည်တွင်လည်း အမှားများစွာနှင့် ရင်ဆိုင်ရပါမည်။ ထို့ကြောင့် ဆိုဆုံးမလွယ်သူဖြစ်ရန် မိမိကိုယ်မိမိ ပြုပြင်နေထိုင်ရပါမည်။ ဆရာ၊ မိဘများကို ကန်တော့သည့်အခါ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ “ဆိုဆုံးမလွယ်သူဖြစ်ပါစေ” ဟု ဆရာ၊ မိဘများက ဆုပေးလေ့ရှိပါသည်။ ဤဆုသည် အလွန်အဖိုးတန်သောဆုဖြစ်ပြီး ဘုရားဟောနှင့်လည်း ကိုက်ညီပါသည်။ ဆရာက ဆိုဆုံးမသည်ကို အငြိုးထားသည့် တပည့် အကြောင်းကို ဗုဒ္ဓဘုရားရှင်က တိလမုဋ္ဌိဇာတ်တွင် အောက်ပါအတိုင်း ဟောပါသည်။

သုတ၊ ရသစာပေနှင့် သမိုင်းသုတေသနပညာရှင် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးသိန်းသန်းထွန်း

အမျိုးသားစာပေတစ်သက်တာဆုဟူသည်မှာ မိမိ၏ဘဝတစ်သက်တာလုံး သုတစာပေ သို့မဟုတ် ရသစာပေများကို တစိုက်မတ်မတ်ရေးသားလျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသူဆရာ၊ ဆရာမကြီး ၃၄ ဦး ရှိပြီဖြစ်ပါသည်။ တစ်သက်တာစာပေဆုရရှိခဲ့သော ဆရာ၊ ဆရာမကြီးများ ထဲတွင် သုတစာပေရေးသားသူ၊ ရသစာပေရေးသားသူ၊ ရှေးဟောင်းစာပေပြုစုရေးသားသူ၊ သုတေသနပြုလုပ်သူ၊ ဝိဇ္ဇာသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်သူ စသည်ဖြင့် ပညာရှင်မျိုးစုံတို့ ပါဝင်ပါသည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုကို ကဗျာ၊ ဝတ္ထု၊ ပုံပြင်နှင့် သမိုင်းသုတေသန ဆိုင်ရာစာပေများကို ရေးသားသည့် ဆရာကြီးသိန်းသန်းထွန်းက ရရှိခဲ့ပါသည်။

လွတ်လပ်ရေးအမွေ အဓွန့်ရှည်တည်တံ့စေလို

“လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်” ဟုဆိုကာ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့အစည်းအဝေးကြီး၌ တိုင်းသူပြည်သားများအား တိုက်တွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုတန်ဖိုးထားတတ်စေရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေနံချောင်းမြို့နယ်အတွင်း မြို့နယ် ကိုဗစ် - ၁၉ရောဂါနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

ရေနံချောင်းမြို့နယ်အတွင်း မြို့နယ် ကိုဗစ် - ၁၉ရောဂါနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

မအူပင်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ဆောင်ရွက်

မအူပင်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ဆောင်ရွက်

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်
Subscribe to