Skip to main content

စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်းသည့် “တရားမကျင့်ထုံးဉပဒေကို ပြင်ဆင်သည့်ဉပဒေ” အပေါ် လေ့လာတင်ပြခြင်း

စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်းသည့် “တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၁) ပါ လုပ်ငန်း တစ်ရပ်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

အပယ်ခံလူသားမဖြစ်စေဖို့ ကူညီစောင့်ရှောက်စို့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က စိတ်ကျန်းမာရေးကို “လူသားတိုင်းသည် မိမိတို့၏ စွမ်းရည်ရှိသည့်အတိုင်း နေထိုင်သည့် အခြေအနေတွင် ဘဝ၏ စိတ်ပင်ပန်းမှုများကို ခံနိုင်ရည်ရှိပြီး ထုတ်လုပ်နိုင် စွမ်းရှိသောအလုပ်များကို လုပ်ကိုင်နိုင်ကာ မိမိတို့ ပတ်ဝန်းကျင်ကို ကူညီထောက်ပံ့မှုပြုနိုင်သည့် အခြေအနေ”ဟု ဖွင့်ဆိုထားသည်။ ယနေ့ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်စသည့် ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ လူသားအများ အပြားသည်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုနှင့် ရင်ဆိုင်ရလေ့ ရှိသည်။

ပုဂံဒေသ ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အထောက်အထားများ

ပြည်သူ့အခြေခံ လိုအပ်ချက်ဖြစ်သော စားဝတ်နေ ရေးအတွက် ဖြည့်စွက်လိုအပ်ချက်တစ်ခုမှာ “ရေ” ဖြစ်၏။ ပုဂံဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင်ပါဝင်၍ မိုးတွင်းကာလ၌ သဘာဝ မြေပြင်အနေအထားနှင့် ချောင်းများကို အသုံးချလျက် လုပ်ကန်အဆင့်ဆင့်၊ မြောင်းအသွယ်သွယ် ဖြင့် ရေသွယ်ယူခဲ့ကြ၏။
Subscribe to