Skip to main content

ဆန္ဒကြီးရင် ကြံသမျှပြီးတယ်

ဘဝဆိုတာ ခရီးတစ်ခုပဲ။ ပန်းတိုင်တစ်ခု -မဟုတ်ဘူး။ တိုးတက်ကြီးပွားလိုစိတ်ရည်မှန်းချက် -မရှိဘဲ ဘာမှစလို့မရပါ။ စိတ်အားထက်သန်တဲ့ အားထုတ်လုပ်ဆောင်မှုမပါဘဲ အောင်မြင်မှုရခဲ့ခြင်း ဆိုတာ ဘယ်မှာမှမရှိ။ ရာ့ဖ်ဝါလ်ဒိုအယ်မာဆင်(၁၈၀၃-၁၈၈၂)

အသုံးချသူ၊ အသုံးချခံနှင့် သွေးခွဲရေးနည်းလမ်း

ယခုရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ ပြောင်းလာတာကို တွေ့ရပါတယ်။ အဲဒါ ကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတော့ အစိုးရဆန့်ကျင်ကန့်ကွက်မှုတွေကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ ကြတာပါ။

ဘယာဝေး၍ ငြိမ်းအေးစေ ...

ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသူတို့ နေထိုင်ရာလမ်းရှိ နေအိမ်တစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိခဲ့ရသည်။ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသားမှာ အသက် ၄၀ ကျော်ဖြစ်ပြီး နောက်ခံသမိုင်းကြောင်းကို ကြည့်မည် ဆိုပါက ထိုသူသည် ခိုးကူးအခွေများရောင်း၍သော်လည်းကောင်း၊ နှစ်လုံးထီရောင်း၍သော် လည်းကောင်း အသက်မွေးနေသူတစ်ဦး ဖြစ်သည်။ အတ္တပရမျှတအောင် နေထိုင်သူ တစ်ဦး မဟုတ်သလို ပညာတတ်တစ်ဦး၊ နိုင်ငံအကျိုး၊ ရပ်ရွာ၊ ပြည်သူတို့၏ အကျိုးများဆောင်ရွက်ရာတွင် အားတက်သရောပါဝင်လေ့ရှိသူ တစ်ဦးလည်း မဟုတ်ပါ။ မိသားစုစားဝတ်နေရေးကို အဆင်ပြေသလို ဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံ့အရေး၊ နိုင်ငံရေးများကို စိတ်မဝင်စား၊ ပြင်းပြသည့်စိတ်ဆန္ဒ မရှိသော ထိုပုဂ္ဂိုလ်မျိုးတွင် ယခုကဲ့သို့ တွေ့ရှိရသည်မှာ အံ့ဖွယ်ကောင်းလေစွ။ မည်သို့သော အကြောင်းတရားများက စေ့ဆော်တိုက်တွန်းသဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို ကျူးလွန်သည် ဆိုသည်ကို တွေးတောနေမိသည်။

မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှု များပြားမလာစေရေး ကြိုတင်ပြင်ဆင် ထားရှိမှုများ

အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိရမှုကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်မှုမရှိစေရေး၊ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်၍ သတိပြု ကာကွယ်နိုင်ကြစေရေးနှင့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြားမလာစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုများကို ပြည်သူများသိရှိ၍ ပူးပေါင်းပါဝင်ပံ့ပိုး ဆောင်ရွက် နိုင်ရေးတို့အတွက် ရည်ရွယ်လျက် ယခုဆောင်းပါးကို တင်ပြလိုက်ရပါသည်။
Subscribe to