လှိုင်းဘွဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ်မိဘတစ်ဦးနှင့်ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ
လှိုင်းဘွဲ အောက်တိုဘာ ၁၈
ခင်စန်းမြင့်
သရက်မြို့၌ အသက်(၁၂)နှစ်နှင့် (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
သရက်မြို့၌ အသက်(၁၂)နှစ်နှင့် (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
ငဖဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
ငဖဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
လားရှိုး ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများအကြောင်း (Talk Show) အပိုင်း(၂)
လားရှိုး ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများအကြောင်း (Talk Show) အပိုင်း(၂)
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများ
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများ
မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
အရာတော်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
အရာတော်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး (သို့မဟုတ်) စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)
အချိန်ကား တပေါင်းလအကုန်တန်ခူးလသို့အကူး နွေဥတု၏အမှတ်သင်္ကေတဖြစ်သည့် လေရူးတို့ တသုန်သုန်တိုက်ခတ်ချိန်ဖြစ်၏။ တောင်သူဦးကြီးတို့ မိုးဦး ကိုမျှော်ကာ စိုက်ပျိုးရန်အတွက် အသင့်ဖြစ်စေရန် ထွန်ရေးခွင်ကို ပြင်ဆင်ထားချိန်လည်း ဖြစ်ပြန်၏။ ယင်းအချိန်သည် တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုကျင်းပပြီးစအချိန်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ကြိုးစားလာခဲ့သမျှ ထိုအချိန်ကျမှ သာလျှင် ကျောင်းသားတစ်ယောက်၏ တာဝန်ဝတ္တရားကို ခေတ္တခဏမျှ ပစ်ချထား နိုင်ကြ၏။ ယင်းကျောင်းသားများတွင် ကျွန်တော်လည်းအပါအဝင်ဖြစ်၏။ အချိန်ကား၂၀၀၇ ခုနှစ်ကဖြစ် သည်။ မြို့ကြီးပြကြီးများမှ ကျောင်းသားများအတွက် စာမေးပွဲပြီးလျှင် တခြားဘာသာစကား တစ်ခုခုကိုဖြစ်စေ၊ ကွန်ပျူတာသင်တန်းဖြစ်စေ တက်ရောက် သင်ယူနိုင်၏။ ကျွန်တော်အပါအဝင် နယ်မှကျောင်းသား များအတွက်ကား မိဘကို ကူညီလုပ်ပေးရုံမှတစ်ပါး အခြားမရှိပြီ။ ထို့ကြောင့် လုပ်စရာ မည်မည်ရရမရှိဖြစ်သောကြောင့် အချိန်များ လိုသည်ထက် ပိုနေသည့် ကာလ လည်းဖြစ်၏။
အသင်းသားများအကျိုးအလေးထား၍ အဓွန့်ရှည်သော သမဝါယမပုံစံ တည်ဆောက်ကြပါစို့
အခက်အခဲအကျပ်အတည်းကြားက ရုန်းထနေသည့် မြန်မာ့သမဝါယမအကြောင်း စေ့ငုလိုချင် စိတ်က ရင်ထဲတွင် တစိမ့်စိမ့်ခံစားနေမိပါသည်။ ၁၉၀၅ ခုနှစ် ကတည်းက သန္ဓေတည်ရှင်သန် ရပ်တည်ခဲ့သည့် မြန်မာ့သမဝါယမသည် လောကဓံတရားကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်း ၁၁၇ နှစ်တိုင် နိုးကြားတက်ကြွနေခဲ့ပြီး အသွင်သဏ္ဌာန်နှင့် အနှစ်သာရကတော့ ရွှင်လန်းစွာ ပြုံးပျော်နေသည်ဟု မှတ်ယူရပေမည်။ ဝေဖန်သံတွေကြားက တစ်ကျော့ပြန် ဦးမော့လာသည်ဟု ဆိုရမည့် ၁၇-၆-၂၀၂၁ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တစ်ချိန် က လုပ်ဆောင်ခဲ့သည့် သမဝါယမပုံစံမျိုးနှင့်ဆောင်ရွက်မည် မဟုတ်တော့ဘဲ အမှန်အလုပ်လုပ်ပြီး စုပေါင်းဆောင်ရွက်လိုစိတ်ရှိသူ၊ သမဝါယမအခြေခံမူ၊ ကျင့်ဝတ်နှင့် အနှစ်သာရတို့ကို လေးစား လိုက်နာ လိုသူများဖြင့် စည်းရုံးဖွဲ့စည်း လုပ်ဆောင်မည်ဟု မူဝါဒချမှတ်ထားသည့်အတွက် မြန်မာ့မြေဝယ် သမဝါယမ၏ အဓွန့်ရှည်မှုက ကြာရှည်စွာ တည်ရှိနေတော့မည်ဟု ဆိုရမည်ဖြစ် ပေသည်။
