Skip to main content

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့

နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်းကာလသည် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလဖြစ်ပါသည်။ ကျားမကွဲပြားမှု အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဟုလည်း ခေါ်ကြသည်။ ထို ၁၆ ရက် သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ နိုဝင်ဘာ ၂၅ ရက် မှစတင်ပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက် အထိဖြစ်သည်။ ထိုကာလ အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနေ့ (နိုဝင်ဘာ ၂၉ ရက်)၊ ကမ္ဘာ့ AIDS နေ့ (ဒီဇင်ဘာ ၁ ရက်) နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာ ၆ ရက်)တို့ ပါဝင်နေသည်။ ၂၀၂၁ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှား မှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” (End violence against women now) ဖြစ်သည်။

ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်

ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်

လက်ပံတန်းမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

လက်ပံတန်းမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သမိုင်းဝင်အခွင့်အရေးနှင့် အကျိုးကျေးဇူးများ

အချိန်ရေစီးကြောင်းရဲ့ ပြန်ကျော့မှုကြောင့် ဒီဇင်ဘာလကို ရောက်လာခဲ့ပြန်ပါပြီ။ ဒီဇင်ဘာ လရဲ့ အေးမြမှုဟာ ကမ္ဘာသူကမ္ဘာသားတွေရဲ့ ရင်ထဲအထိထိုးဖောက်ဝင်ရောက်နိုင်ဖို့တစ်နှစ်ထက် တစ်နှစ် ခက်ခဲလာနေပါတယ်။ လူသားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေအတွက် နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေ တိုးပွားလျက်ရှိပါတယ်။ ဆင်းရဲမွဲတေမှုမှစ၍ လက်နက်ကိုင်ပဋိပက္ခအလယ် ကမ္ဘာကြီးပူနွေး လာမှုအပါအဝင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - Al) ဆိုင်ရာ ခြိမ်းခြောက်မှုတွေအဆုံး အမျိုးမျိုးသော ခြိမ်းခြောက်မှု တွေက ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ စိတ်နှလုံးကို ညှိုးငယ် စေလျက်ရှိပါတယ်။ အဆိုပါ အန္တရာယ်များတဲ့ အခြေအနေတွေဟာ လူသားမျိုးနွယ်ကို ပျက်စီးခြင်းလမ်းကြောင်းပေါ်ကို တွန်းပို့နိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ရဲ့ ဘိုးဘွားတွေက ကြိုတင်သိမြင် နားလည်ခဲ့ကြပါတယ်။ ယင်း အခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့အလို့ငှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ်တွေရဲ့ သာယာဝပြောရေး ကိုရှေးရှုတဲ့ စဉ်းစားချက်တွေ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ကမ္ဘာ့ ကုလသမဂ္ဂစင်မြင့်ထက်မှာ ရှိခဲ့ပါတယ်။
Subscribe to