Skip to main content

‘အိုမီခရွန်’ လို မျိုးဗီဇပြောင်းပိုးတွေ ထပ်မံပေါ်ထွက်လာပေမယ့် လူရဲ့ခန္ဓာကိုယ်ထဲကို ဝင်လို့မရအောင် ကိုဗစ် − ၁၉ စည်းကမ်းတွေ၊ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့၊ ကာကွယ်ဆေးအကြိမ်ပြည့် မဖြစ်မနေထိုးနှံမှုခံယူဖို့ လိုပါတယ်

အထူးသတိပြုစောင့်ကြည့်ရမည့် ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲ 'အိုမီခရွန်' နှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အနာဂတ်မျိုးဆက်များအတွက် အဂတိလိုက်စားမှုများအား ဆန့်ကျင်တိုက်ဖျက်ကြပါစို့

အဂတိလိုက်စားမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် တွေ့ကြုံနေရသော ပြဿနာတစ်ရပ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးသက်ရောက်မှုသည် ကြီးမားကျယ်ပြန့်သောကြောင့် နိုင်ငံအစိုးရများက နည်းလမ်းပေါင်းစုံဖြင့် ကိုင်တွယ်ဖြေရှင်းနေကြရပါသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စုံစမ်း စစ်ဆေးအရေးယူခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာ၏အသိအမှတ် ပြုမှုကို ရရှိခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်၏ငွေကြေးနှင့် ပိုင်ဆိုင်မှုများ ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးမှုများအား ဖော်ထုတ်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုကြောင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် ပေးသွင်းစေခြင်းနှင့် သိမ်းဆည်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာများအရ သိရှိရပါသည်။ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို တဖြည်းဖြည်းတိုးမြှင့်လုပ်ဆောင်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့သော တတိယအကြိမ် ကော်မရှင်လက်ထက်၌ စုံစမ်းစစ်ဆေးအမှုဖွင့်အရေးယူမှုများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်းကို နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် ကော်မရှင်ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်များတွင် တွေ့ရှိရပါသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်လာစေရေးတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အဓိကအဟန့်အတားများအနက် တစ်ခုအပါအဝင်ဖြစ်သော အဂတိလိုက်စားမှုများကို အရှိန်အဟုန်ဖြင့် တွန်းလှန်တိုက်ဖျက်ခြင်း များဆောင်ရွက်လာသည်ကို ပြည်သူတစ်ယောက် အနေဖြင့် ကျေနပ်အားရမိပါသည်။

ဗီဇပြောင်းမျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားနေတဲ့အမေရိကန်မှာ မသေချာမှုဝန်ထုပ်တွေ ထပ်တိုး

ယခုသီတင်းပတ်အကုန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အနည်းဆုံးပြည်နယ် ၁၀ ခုမှာ အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် ကူးစက်ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံသား ဒါဇင်ကျော်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ အဲဒီကပ်ရောဂါကို အစွမ်းကုန်တိုက်ဖျက်နေတဲ့အချိန်မှာ အခုလိုအိုမီခရွန်ကူးစက်ဖြစ်ပွားသူတွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Subscribe to