အသုံးချသူ၊ အသုံးချခံနှင့် သွေးခွဲရေးနည်းလမ်း
ယခု ရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ ပြောင်းလာတာကို တွေ့ရပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတော့ အစိုးရဆန့်ကျင်ကန့်ကွက်မှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ တာပါ။
