လက်ရှိရုံးပိတ်ရက်ရှည်ကာလအတွင်းမှာ စာတွေ တစ်ဝကြီးဖတ်ရှုဖြစ်သည်။ ကနဦးတွင် ဖတ်လက်စ ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်၏ “မင်းရေး ကြွယ်ကြွယ်”။ ပြီးတော့ “ဂျပန်ခေတ်စစ်ပညာသင် တစ်ဦး”၊ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊ “မုန်တိုင်းလွန်သော်” စာအုပ်တွေကို တစ်ဆက် တစ်စပ်တည်း ပြန်လည်ဖတ်ရှုဖြစ်တော့သည်။