မြန်မာ့တိုင်းရင်းဆေးပညာအရ ကံ၊ စိတ်၊ ဥတု၊ အာဟာရနည်းလမ်းများနှင့်ကိုဗစ်-၁၉ ရောဂါအား ကြိုတင်ကာကွယ်ခြင်း
သက်ရှိသက်မဲ့အားလုံးသည် အရင်းခံရုပ်အနေဖြင့် ပထဝီ(မြေဓာတ်)၊ အာပေါ(ရေဓာတ်)၊ တေဇော(မီးဓာတ်)၊ဝါယော(လေဓာတ်)၊ အာကာသ(အပိုင်းအခြားဓာတ်) ဓာတ်ငါးပါး အစုအဝေးမျှသာဖြစ်သည်၊ “ဓာတ်” ဟူသော အဓိပ္ပာယ်မှာ မိမိသဘောကို မိမိဆောင်တတ်သဖြင့် “ဓာတ်”ဟု ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်ငါးပါး အစုအဝေးပင်ဖြစ်သည်။ ထိုဓာတ်ငါးပါးတို့ ညီညွတ်မျှတလျှင် ကျန်းမာ၍ မညီညွတ်ဘဲ ဖောက်ပြန်ပါက အနာရောဂါ ဖြစ်စေပါသည်။
