Skip to main content

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး" Talk Show ပြုလုပ်

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး" Talk Show ပြုလုပ် ဒဂုံမြောက် ဇွန် ၂၄ ပပ

ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိခြင်း၏ ပြယုဂ်များ

ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင်သေးရှိသူများသည် အလွန်ဝေဖန် တတ်၊ မနာလိုတတ်သည့်သဘောရှိသည်။ အခြားသူများ၏ အောင်မြင် မှုများနှင့်ပတ်သက်၍ မကျေနပ်၊ မိမိ၏မိတ်ဆွေများကိုပင်လျှင်မနာလို၊ ဇနီးများ၊ ခင်ပွန်းသည်များ၊ အမျိုးသား၊ အမျိုးသမီးမိတ်ဆွေများ စသည်တို့ကြောင့်မဟုတ်ဘဲ အကြောင်းမဲ့ မနာလိုဝန်တို ဖြစ်နေ တတ်သည်။ သူတို့ကိုယ်သူတို့ မကြိုက်သဖြင့် ဆန့်ကျင်ဘက်လိင် တစ်ယောက်ယောက်က သူတို့ကို ကြိုက်နှစ်သက်မည်၊ ချစ်ခင်မည်ဟု မည်သည့်အခါကမျှ မယုံကြည်။ သူတို့၏ မနာလိုမှုကို သူတို့၏ အိမ်ထောင် ဖက်များအား ချစ်ခင်ကြောင်း၊ အလွန်အမင်းပြောပြကာ ဖုံးကွယ်ထားတတ်ကြသည်။ တကယ်တော့ သူတို့၏ အိမ်ထောင်ဖက် များကို မည်သည့်အခါကမျှ ချစ်လည်းမချစ်၊ ယုံလည်းမယုံကြည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့လည်း မည်သည့်အခါကမျှ ယုံလည်းမယုံ၊ ချစ်လည်းမချစ်ခဲ့သောကြောင့် ဖြစ်သည်။ အကျည်း တန်သော ဝေဖန်ချက်များ၊ မှားယွင်းသောထင်မြင်ချက်များဖြင့် အတင်းအဖျင်းများ၊ ကောလာဟလများကို ပြောလေ့ရှိကြသည်။ ထို့အတွက်ကြောင့် အခြားသူများမှာ ဘာမျှမဖြစ်ဘဲ သူတို့သာလျှင် နေစရာမရှိဖြစ်မည်ကို နားမလည်ကြ။ သူတို့၏ စိတ်မချ၊ မလုံခြုံမှုကို တစ်စုံတစ်ယောက်အား အသိအမှတ်ပြုမှု၊ ချီးကျူးမှုနှင့် ရင်ဆိုင်တွေ့ရ သည့်အခါ မကျေနပ်ကြောင်းကိုထုတ်ဖော်ပြောပြခြင်းဖြင့် ထင်ရှားစေသည်။

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ အိမ်မဲ ဇွန် ၂၄ ချစ်သက်လယ်

မချိုသောအချို

မြန်မာ့ကျေးလက်လူထုသည် ဇာတ်သမားများကို မျှော်လေ့ရှိ၏။ ဇာတ်သမားတို့ထံမှ မှတ်သားစရာ တစ်ခုခုတော့ ကျန်နေခဲ့သည်မှာ အမှန်ပင်။ ဇာတ်သဘင်ပညာရှင်တို့နှင့် ဆယ့်နှစ်ရာသီပွဲများမှာလည်း အချိတ်အဆက်ရှိ၏။ ပွဲလမ်းအကြီးအကျယ် မရှိလျှင်လည်း ရုပ်ရှင်ကားကြီးများကို ငှား၍ ကြည့်ကြ၏။ ကွင်းလယ်မှာ ပိတ်ကားထောင် နှစ်ဖက်လုံးမှာ ပရိသတ်အပြည့်။ ဝေးလံခေါင်ဖျား ဒေသများတွင်မူ ဇာတ်သဘင်လည်းမရောက်၊ ရုပ်ရှင်လည်း မရောက်။ “စစ်ကြောင်းကြီးငါးကြောင်း” ဟူသော ခေါင်းစဉ်ဖြင့် ခက်ခက်ခဲခဲ သွားရောက်ကြကာ အသိပညာများ၊ သတင်း အချက်အလက် များကို ဖြန့်ဖြူးရ၏။ ဤတွင် မော်ကွန်းရုပ်ရှင်နှင့် ဗဟို ကျန်းမာရေးဌာနတို့ တွဲမိကြလေသည်။

လူ့ဘောင်လောက သာယာလှပဖို့ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ကြပါစို့

နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွက်ဆောင်ပုဒ်သည် “Share Facts On Drugs, Save Lives” ဖြစ်ပြီး “မူးယစ်ဆေးဝါးကင်းစေဖို့ အသိပညာဖြန့်ဝေစို့” ဖြစ်ပါသည်။ အထူးသဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို မျှဝေခြင်းအားဖြင့် လူငယ်များ၏ အသက် ကိုအချိန်မီ ကယ်တင်နိုင်မည်ဖြစ်သည်။

သာတူညီမျှခြင်းနှင့် သူနိုင် ကိုယ်နိုင်

လူမှုဝန်းကျင်တွင် ဓမ္မနှင့် အဓမ္မ ပြောဆိုကြ၊ ရှာဖွေ ကြရာတွင် ယင်း ဓမ္မနှင့် အဓမ္မကို မည်သို့ ဆုံးဖြတ် ကြသည်ဆိုသည်က ပို၍စဉ်းစားဖွယ် ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက လူတိုင်းသည် မိမိလိုလားချက်နှင့် မိမိအကျိုးစီးပွားဦးတည်နေခြင်းကို ဓမ္မဟု ဆိုကြ ပေလိမ့်မည်။ အထူးသဖြင့် လူများဖြင့်စုပေါင်း နေထိုင်ကြသော အသိုက်အဝန်းတွင် လူအမျိုးမျိုး ရှိကြသကဲ့လို့ လိုလားချက်များ၊ အမြင်သဘော ထားများ၊ အယူအဆများနှင့် ရှုထောင့်များ အမျိုး မျိုးရှိတတ်ကြသည်။
Subscribe to