ဉပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (တောင်ကိုရီးယားနိုင်ငံ)
သမ္မတရွေးကောက်ပွဲတွင် Plurality System ကို အသုံးပြုပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒမဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်းက အနိုင်ရပါသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်း တစ်ယောက်တည်းရှိနေလျှင်သော်လည်း ရွေးကောက်ပွဲကျင်းပရပြီး ကိုယ်စားလှယ်လောင်း သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ နိုင်ရန်အတွက် စုစုပေါင်းဆန္ဒမဲ၏ သုံးပုံတစ်ပုံထက် ကျော်လွန်ရရှိ ရမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲများကို ၁၉၄၈ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၄၈၊ ၁၉၅၂၊ ၁၉၅၄၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၆၃။ ၁၉၆၇၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထပ်မံကျင်းပမည် ဖြစ်ပါသည်။ သမ္မတသည် သက်တမ်းတစ်ကြိမ်သာ ရွေးချယ်ခံခွင့် ရှိပါသည်။
