Skip to main content

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (တောင်ကိုရီးယားနိုင်ငံ)

တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှတွင်ပါဝင်ပြီး ကိုရီးယား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းဖြစ်ကာ အနောက်ဘက်တွင် တရုတ် နိုင်ငံ၊ အရှေ့ဘက်တွင် ဂျပန်နိုင်ငံနှင့် မြောက်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကိန်းဂဏန်း များအရ စုစုပေါင်းလူဦးရေ ၅၁၇၀၉၀၉၈ ဦး ရှိပါသည်။ မြို့တော်မှာ ဆိုးလ်ဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် (နိုင်ငံလူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်) နေထိုင်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှကျားလေးကောင် သို့မဟုတ် နဂါးလေးကောင်အဖြစ် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ ပူးတွဲသတ်မှတ်ခံရသည့် အာရှတိုက်၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတသည်တောင်ကိုရီးယားဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ လက်ရှိသမ္မတမှာ မွန်းအင်း ဖြစ်သည်။

သာတူညီမျှခြင်းနှင့် သူနိုင်ကိုယ်နိုင်

လူမှုဝန်းကျင်တွင် ဓမ္မနှင့် အဓမ္မပြောဆိုကြ၊ ရှာဖွေ ကြရာတွင် ယင်း ဓမ္မနှင့် အဓမ္မကို မည်သို့ ဆုံးဖြတ် ကြသည်ဆိုသည်က ပို၍စဉ်။စာဖွယ် ဖြစ်ပါသည်။ ထိုသို့ မဟုတ်ပါက လူတိုင်းသည် မိမိလိုလားချက်နှင့် မိမိအကျိုးစီးပွားဦးတည်နေခြင်းကို ဓမ္မဟု ဆိုကြ ပေလိမ့်မည်။ အထူးသဖြင့် လူများဖြင့်စုပေါင်း နေထိုင်ကြသော အသိုက်အဝန်းတွင် လူအမျိုးမျိုး။ ရှိကြသကဲ့လို့ လိုလားချက်များ။ အမြင်သဘောထားမှာ အယူအဆများနှင့် ရှုထောင့်များအမျိုးမျိုး။ ရှိတတ်ကြသည်။
Subscribe to