အမျိုးသားရေးတာဝန်ကျေပွန်လျက်ရှိသော တပ်မတော်
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုက်နက်နယ်မြေများ လက်လွှတ်မဆုံးရှုံးရေး၊ ပြည်သူများ၏ ဘဝလုံခြုံရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်မှန်သမျှကို တိုက်ထုတ် ချေမှုန်းနိုင်ရေးအတွက် ခေတ်မီအင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်ရှိနေရန် လိုအပ်ပေသည်။ ထိုဦးတည်ချက်များနှင့် အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်လည်း မျိုးချစ်တပ်မတော် ကို ဖွဲ့စည်းထားရှိပြီး ခေတ်အဆက် ဆက်တွင် အမျိုးသားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။
