Skip to main content

နယ်စပ်ကနေ တင်သွင်းမှုကန့်သတ်လိုက်တဲ့ ကုန်ပစ္စည်း(၄)မျိုးက မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ မဟုတ်တာကြောင့် ကုန်သွယ်မှုလုပ်ငန်းတွေအပေါ် ထိခိုက်မှုမရှိပါဘူး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် စနစ်တကျ စစ်ဆေးနိုင်ရေး၊ ပြည်တွင်း SMEs လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်ယှဉ်ပြိုင်မှု အကာအကွယ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ပထမအဆင့်အနေဖြင့် အချိုရည်မျိုးစုံ၊ ကော်ဖီမစ် မျိုးစုံ/ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်း စသည့်စားသောက်ကုန်(၄)မျိုးကို ၂၀၂၁ခုနှစ်၊ မေ ၁ ရက်ကစပြီး နယ်စပ်ဒေသများမှ ယာယီတင်သွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုခြင်းနှင့်စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းထားသည် များကို တင်ပြလိုက်ရပါသည်။

ခေါင်းလောင်းသံတေး ချိုအေးကြည်မြ ကျောင်းတော်ဝသို့

နံနက်ခင်းမှာ နေရောင်ဆမ်းတဲ့ ပန်းကလေးများ ပွင့်လခန်းနေမှုက လောကအလှကို သဘာဝကျကျ တန်ဆာဆင်နေသည့်နှယ်။ မွှေးပျံ့တဲ့ရနံ့လေအသော့မှာ ယိမ်းနွဲ့လှုပ်ရှား ပန်းကလေးများကို ကြည်နူးရွှင်ပျ လိုလိုချင်ချင်နဲ့ အမြတ်တနိုး အသုံးပြုတာ လူတွေရဲ့ အလေ့အထတစ်ခုပမာ။

သင့်အတွေးဟာ သင်ပါပဲ

“ ကျယ်သည့် စကြဝဠကြီးထဲတွင် ကမ္ဘာကြီးသည် ဖုန်မှုန့် ကလေးတစ်မှုန်မျှသာ ဖြစ်ပါသည်။ လူ၏ ဘဝတစ်သက်တာ ဆိုသည်မှာလည်း ဖျတ်ခနဲ တစ်ချက်ကြာမျှသာ ဖြစ်ပါသည်။ တိုတောင်းလွန်းလှသော ဘတာတွင် တကယ့် အလှသကိုသာ စိတ်ထဲတွင် ကိန်းဝပ်ပါစေ။ ကမောက်ကမ ရှေ့နောက် အဆီအဒေါ် တည့်သည့် ကိစ္စများအပေါ် အချိန်ဖြုန်းခြင်းမပြုပါနှင့် "

ရုရှားနိုင်ငံနာမည်ကြီး သတင်းဌာနတစ်ခုဖြစ်သော RIA News သတင်းဌာနပိုင် အင်တာနက် စာမျက်နှာတွင် “မြန်မာဟာ ဒုတိယဆီးရီးယား လုံးဝဖြစ်လာမှာ မဟုတ်ဘူး − ဗိုလ်ချုပ် ဇော်မင်းထွန်း” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသော အင်တာဗျူး အမေးအဖြေဆောင်းပါး

ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြန်မာ့တပ်မတော်သည် အရပ်ဘက်အစိုးရကို အစားထိုးကာ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူကာ ယခင် အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ထိုအချိန်မှစတင်ကာ ဆန္ဒပြမှုများ နိုင်ငံအနှံ့ ဖြစ်ပွားလာခဲ့ပြီး အသက်သေကျေ ဆုံးရှုံးမှုများ လည်း ဖြစ်ပေါ်လာခဲ့ပါသည်။ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက RIA News သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူး တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် တပ်မတော်၏အမြင်၊ အင်အားသုံးဖြိုခွင်းမှုတွေ လုပ်ဆောင်ရသည့်အကြောင်းရင်း၊ နာမည်ကြီး နိုင်ငံရေးသမား နိုဘယ်ဆုရဒေါ်အောင်ဆန်းစုကြည် ကို လက်ရှိနေအိမ်အကျယ်ချုပ်ဖြင့်ထားရှိမှု အခြေအနေ၊ ၎င်းအပေါ် သံသယရှိနေသည့် အမှုများနှင့် ၎င်းနှင့် မည်သူမျှ တွေ့ရှိခွင့်မရသည့်အကြောင်းရင်းတို့ကို ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြား ခဲ့ပါ သည်။ ဆူပူဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူအရေအတွက် အမှန်ကို တရားဝင်ထုတ်ဖော် ပြောကြား ခဲ့သလို ထိုဆူပူအကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်းက ထောက်ပံ့ပေးနေ သည်ဆိုသည့် အကြောင်းအရာကိုလည်း သုံးသပ်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဗိုလ်ချုပ် ဇော်မင်းထွန်း အနေဖြင့်ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ များနှင့် ရုရှားနိုင်ငံ ထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေးကို အာရှနိုင်ငံအနေဖြင့် လိုအပ်မှု ရှိ/ မရှိအား တပ်မတော် အကြီးအကဲ အရာရှိကြီးများကာကွယ်ဆေးရွေးချယ် ထိုးနှံပုံအကြောင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးကို မြတ်နိုးပါ တည်ငြိမ်ရေးကို အလေးထားပါ

သည်နေ့မနက်မှာတော့ တဖြောက်ဖြောက်နှင့် ရွာသွန်းဖြိုးနေသည့် မုန်တိုးမိုး စဲစပြုလေပြီ။ နေခြည်ပျပျ လင်းလက်လာမှုနှင့်အတူ အိမ်ခေါင်းရင်းမှ ချိုး၊ ဆက်ရက် စသည့် ကျေးငှက်သာရကာတို့၏ တွန်ကျူးသံများကိုလည်း ပြန်လည်ကြားလာရ၏။

မြန်မာမှ ဒေါ်လာစားမီဒီညာများအကြောင်း

ဒီမိုကရေစီနိုင်ငံတွေမှာ မီဒီယာဆိုတာ စတုတ္ထ မဏ္ဍိုင် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင် ကြီး သုံးရပ်နဲ့ ပြည်သူလူထုအကြား ပေါင်းကူး ပေးတာ၊ ဆက်စပ်ပေးတာ၊ ထိန်းကျောင်းပေးတာ၊ တည့်မတ်ပေးနိုင်တာက မီဒီယာတွေနဲ့ မီဒီယာ သမားတွေဖြစ်တော့ စတုတ္ထမဏ္ဍိုင်လို့ အထူးပြု ထားတာဖြစ်ပါတယ်။ ဘိုလိုတော့ရရင် Media television, radio and newspapers as providers of information ဖြစ်ပြီး writing media, printed media, online media ဆိုတာတွေလည်း ရှိနေပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယတစ်လတာခရီး

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် မတ်လ ၂ ရက် မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြင့် ဒုတိယတစ်လ တာ၏ နိုင်ငံတကာဆက်ဆံရေးအခြေ အနေသည် တိုးတက်ကောင်းမွန်ခြင်းသို့ ဦးတည်ခဲ့ပါသည်။ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများနှင့်အာဆီယံအတွင်းရေး မှူးချုပ်တို့ တက်ရောက်ကြသည့် အဆိုပါ အစည်းအဝေးအတွင်း ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေ အနေနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက် ဆောင်ရွက်မည့် ဦးစားပေး အစီအစဉ်များ၊ ပြည်သူများ၏ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးမှုရှိရေး ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေ များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းများ စိစစ်နေသည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

CDM ကို ထောက်ခံတဲ့သူက ထောက်ခံသလို ကျွန်တော်တို့လို ကန့်ကွက်တဲ့သူကလည်း ကန့်ကွက်ပါတယ်။ ဒါက နိုင်ငံရေးသဘောတရားပါ။ သူ့ရဲ့ အမြင် ကိုယ့်ရဲ့ အမြင်ဆိုတာ လက်ခံရမယ်။ ဒါမှ နိုင်ငံရေးသမား ခေါ်တာပါ။ လမ်းပေါ်တက်တာက နိုင်ငံရေးသမား မဟုတ်ပါဘူး

လတ်တလော ဖြစ်ပွားနေသည့် Civil Disobedience Movement (CDM) လှုပ်ရှားမှုနှင့် အကြမ်းဖက်ဆန္ဒပြမှုများ အပေါ် တာဝန်သိနိုင်ငံ့ဝန်ထမ်း ပြည်သူ ဘစ်ဦးဖြစ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်းအား ၎င်း၏ အမြင်နှင့် ခံစားချက်များကို မေးမြန်းပြီး ဖော်ပြလိုက်ပါသည် -

သမိုင်းရေးတောင်းဆိုမှုအခြေအနေများနှင့် အမျိုးသားရေးလိုအပ်ချက်များအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရသော မြန်မာ့တပ်မတော် (၃)

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် မည်သည့်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစွမ်းအား" ( National Power) ဆိုသည်မှာ (၁) နိုင်ငံရေးစွမ်းအား (Political Power) (၂) စီးပွားရေးစွမ်းအား (Economic Power) (၃) စစ်ရေး စွမ်းအား (Military Power)ဟူသော စွမ်းအားသုံးရပ်ကို စုစည်း ခေါ်ဝေါ်ခြင်သင်ဖြစ်ပါသည်း၏ စွမ်းအားသုံးရပ် လုံးတစ်ခုနှင့်တစ်ခု ဆက်နွှယ်ခိုင်မာစွာ အပြန်အလှန်အကျိုးပြုနေကြပြီး ဟန်ချက်ညီညီ တိုးတက်သော ခိုင်မာတည်တံ့သော “အမျိုးသားစွမ်းအား” တိုးတက် လာမည် ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံရေးဘောဂဗေဒအမြင်အရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ပါသည်။ )
Subscribe to