အမှန်အမှား ခွဲခြားဆင်ခြင် ဂုဏ်ယူနိုင်ကြပါစေ
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်၊ ပျူခေတ် နောက်ဆုံးကာလက ဈေးရောင်းချသည့် ပြည်သူ တစ်ယောက် လေပွေတိုက်၍ “ငါ့ စကော ...ငါ့ စကော...” ဟု မြို့ရွာအတွင်း လိုက်လံအော်ဟစ် ခဲ့သည်။ ထိုသတင်းစကားတစ်ခုကို အကြောင်းပြု ကာ တစ်မြို့လုံး၊ တစ်ပြည်လုံး ကောလာဟလ သတင်းမှား ပျံ့နှံ့ခဲ့သည့်အဖြစ်အပျက်ကို ကြားဖူး ကြမည်ဖြစ် သည်။ လေတိုက်ပြီး ဆန်ကောလွင့်ပါ သွားသည်ကို ငါ့စကော၊ ငါ့စကာ အော်ဟစ်ခဲ့ရာမှ “ငါ့စကောတပ်ကြီး” ချီလာပြီ ထင်ပြီး မြို့သူ မြို့သားများ မြို့ ကိုစွန့်ခွာ ထွက်ပြေးကြရာမှ သရေ ခေတ္တရာပြည်ကြီးလည်း ပျက်သုဉ်းသွားခဲ့သည်။
