နိုင်ငံ့ဝန်ထမ်းအများစုဟာ အလုပ်တစ်ခုခုကို စတင် ဝင်ရောက်လုပ်ကိုင်တဲ့အချိန်ကစလို့ အသက် ၆၀ သက်ပြည့်အငြိမ်းစားယူတဲ့အချိန်အထိ မိမိတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက် နှစ်ပေါင်းများစွာ လုပ်ငန်းခွင် ထဲမှာပဲ ပျော်ရွှင်စွာ အချိန်ကုန်ခဲ့ကြပါတယ်။ မိမိတို့ သန်ရာ သန်ရာလုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံနဲ့ ပြည်သူအတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးခဲ့ရတာတွေ၊ ရာထူးအဆင့်ဆင့် တိုးမြှင့်ပြောင်းလဲလာရတဲ့ ဘဝအဖုံဖုံတွေဟာ ဂုဏ်ယူစရာ၊ ဝမ်းမြောက်စရာ ပျော်ရွှင်စရာတွေ ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ခက်ခဲကြမ်းတမ်းမှုတွေ၊ ပြဿနာတွေနဲ့လည်း ကြုံတွေ့တတ်ကြပါတယ်။