တို့ပြည်ထောင်စုနေ့
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့ထူးနေ့မြတ်ကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အုတ်မြစ်ချပေးလိုက်သော နေ့တစ်နေ့လည်း ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီနယ်ပယ်မှာ ဖြစ်ခဲ့ရသော နိုင်ငံအများအပြားတို့သည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာကာ နယ်ချဲ့စနစ်ဖိနှိပ်မှုအားရုန်းကန် တွန်းလှန်ခဲ့ကြသည့်နိုင်ငံများတွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုမှာ ထိပ်ဆုံးမှ ဖြစ်သည်။
