ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်မှာ သတိရလွမ်းစရာတွေက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အင်းလျားကန်၊ ကံ့ကော်တောနဲ့ သစ်ပုပ်ပင်၊ ဓာတုဗေဒဌာနနဲ့ အသေးစားအဏုမြူ ဓာတ်ခွဲခန်းတို့ ဖြစ်ပါတယ်။ ဒိထက်ပို၍ တမ်းတလွမ်းရသူများကတော့ ကျွန်တော့်ဆရာများပဲဖြစ်ပါတယ်။ ဓာတုဗေဒပညာကို စတင်မိတ်ဆက်ပို့ချပျိုးထောင်သူ၊ တပည့်အပေါင်းက လေးစားချစ်ခင်ရသူ ဆရာ ဒေါက်တာမောင်ဒီနဲ့ နိဒါန်းပျိုးချင်ပါတယ်။