Skip to main content

မြန်မာ့သိုင်းပညာနှင့် ရန်ကုန်တက္ကသိုလ်မြန်မာ့သိုင်းပညာအသင်း

မြန်မာ့သိုင်းပညာရပ်၏ သမိုင်းစဉ်ကို မတင်ပြမီ သိုင်း ဟူသော ဝေါဟာရကို ရှေးဦးမဆွ ကြံဆထုတ်ဖော်လိုပေ သည်။ မြန်မာဘုရင်များလက်ထက်က အသုံးပြုခဲ့ကြသော တုတ်တစ်မျိုးကိုလည်းကောင်း၊ လက်နက်ဖြင့်ဖြစ်စေ၊ လက်နက်မဲ့ဖြစ်စေ ဘေးရန်ကာကွယ်သည့် အတတ် ပညာတစ်မျိုးကိုလည်းကောင်း ရုတ်ခြည်းသတိရမိ ကြမည် ဖြစ်ပေသည်။

တရုတ်စံကားပန်းများပွင့်ရာ အမိရန်ကုန်တက္ကသိုလ်နှင့် လွမ်းမောဖွယ်အမှတ်တရများ

ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ (ယခင်အခေါ် RC 3) ကို ပထမနှစ် စတင်တက်ရောက်ခဲ့တဲ့ ၁၉၉၃ ခုနှစ် အမှတ်တရပါပဲ။ မြန်မာနိုင်ငံ စာရင်းကိုင် သင်တန်းမှာ ခင်ခဲ့တဲ့ ကျွန်မတို့သူငယ်ချင်းသုံးယောက်က တစ်ယောက် မေဂျာတစ်ခုစီ။ ကျွန်မက ရူပဗေဒအဓိက၊ မျိုးမျိုးဆိုတဲ့ သူငယ်ချင်းက သင်္ချာအဓိက၊ နောက်ရတနာကိုဆိုတဲ့ သူငယ်ချင်း က ဓာတုဗေဒ အဓိကယူထားကြပါတယ်။

မျိုးဆက်သစ်တို့ကို ချစ်ပါ၊ မနှစ်ပါနဲ့

တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ကလေးသူငယ်များ၏ အားလပ်ချိန် အသုံးပြုပုံလည်း ပြောင်းလဲလာ ကြပါသည်။ ကျွန်မတို့ ငယ်စဉ်က အားလပ်ချိန်တွင် ရပ်ကွက်ထဲက ကလေးများ စုပေါင်း၍ အိမ်ပြင်ထွက် ကစား ကြပါ သည်။ လမ်းလျှောက် ထွက်ကြပါသည်။ ကျွန်မတို့သည် လူကြီးများ ဝယ် ပေးထားသော ပုံပြင်စာအုပ်များ၊ ကာတွန်း စာအုပ်များ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်စာစောင်များကို အချိန်တစ်ခု သတ်မှတ်၍ ဗဟုသုတ အနေဖြင့် လည်းကောင်း၊ အပျင်းပြေအနေဖြင့်လည်းကောင်း ဖတ်ရှုကြရာမှ စာဖတ် ခြင်းသည် ဝါသနာဖြစ်လာသည်။ စာဖတ်ဝါသနာပါရုံတင်မက စာရေးရာ တွင်လည်း အထောက်အကူများ ဖြစ်လာစေသည်။ အသိပညာ ဗဟုသုတ တိုးပွားလာပါသည်။ ယနေ့ခေတ် ကဲ့သို့ အိုင်တီခေတ်ကြီးတွင် ကလေး အများစုသည် အိမ်ပြင်မထွက်ဘဲ အခန်းအောင်း၍ မိုဘိုင်းဖုန်းဖြင့် ဖုန်းပြော ခြင်းအပြင် အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယိုဖိုင် များကြည့်ခြင်း အစရှိသည်တို့ ပြုလုပ်ကြပြီး အချိန်ကုန် သည်က များလာ ပါသည်။

ပထမ မြန်မာသင်္ချာပါမောက္ခ ဆရာကြီး ဦးအောင်လှ

ရန်ကုန်တက္ကသိုလ်ကြီး နှစ်တစ်ရာပြည့် အချိန်အခါသမယတွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ တာဝန်ထမ်းဆောင် သွားသော ဆရာကြီးများအနက် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး သင်္ချာပါမောက္ခ တာဝန်ယူရသည့် ကျွန်မ၏ ဆရာ တစ်ဦးဖြစ်သော ဆရာကြီး ဦးအောင်လှကို ဂုဏ်ပြုသောအားဖြင့် ယခုစာစုကို ရေးသားဖော်ပြအပ်ပါသည်။

ပါမောက္ခချုပ်ဦးခင်မောင်တင့် သို့မဟုတ် စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်

ရန်ကုန်တက္ကသိုလ်ကြီးကား သက်တမ်း နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ် စာပေ၊ ပန်းချီ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများအပြင် မြန်မာ့ရုပ်မြင်သံကြားမှ တက္ကသိုလ် အလွမ်းပြေသီချင်း အပုဒ်ရေ တစ်ရာကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်ပေးခြင်းနှင့် နေ့စဉ်ထုတ်လွှင့်ပေးခဲ့သလို နိုင်ငံပိုင် သတင်းစာများကလည်း တက္ကသိုလ်အကြောင်း ဆောင်းပါးများကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ယနေ့တိုင် ဖတ်ရှုနေရ ဆဲဖြစ်ပါသည်။

ရန်ကုန်-မန္တလေးကားလမ်း မိတ္ထီလာ မြို့တွင်းလမ်းအား နိုင်လွန် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်-မန္တလေးကားလမ်း မိတ္ထီလာ မြို့တွင်းလမ်းအား နိုင်လွန် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက် မိတ္ထီလာ ဒီဇင်ဘာ ၂၆ ချမ်းသာ

ကျောက်ဆည်မြို့နယ် ညွှန့်ပင်ကျေးရွာတွင် (၁)သုံးလုံး ခရမ်းချဉ်မျိုးများ စီးပွားဖြစ်စိုက်ပျိုး

ကျောက်ဆည်မြို့နယ် ညွှန့်ပင်ကျေးရွာတွင် (၁)သုံးလုံး ခရမ်းချဉ်မျိုးများ စီးပွားဖြစ်စိုက်ပျိုး ကျောက်ဆည် ဒီဇင်ဘာ ၂၆ သက်မောင်
Subscribe to