နားထောင်တတ်ခြင်းအတတ်ပညာ နည်းနည်းပြော၍ များများနားထောင်ပါ
သင့်အနေဖြင့် အခြားသူတစ်ဦး ပြောကြားသည့်စကားကို နောက်ဆုံးမည်သည့်အချိန်က အသေအချာ နားထောင်ခဲ့ ပါသနည်း။ အသေအချာနားထောင်သည်ဆိုသည်မှာ သင့်အ နေဖြင့် နောက်ထပ်ဘာပြောလိုသည်ကို စဉ်းစား ခြင်းမရှိဘဲ၊ သင်၏လက်ကိုင်ဖုန်းကို တစ်ချက်မျှ မကြည့် ဘဲ၊ တစ်ဖက်သား၏ ပြောကြားချက်အပေါ် သင်ပေးလို သည့် မှတ်ချက်ကို မစဉ်းစားဘဲ နားထောင်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။ အလားတူပင် နောက်ဆုံး မည်သည့် အချိန်တွင် အခြားသူတစ်ဦးက သင်ပြောကြားသည်ကို အသေအချာ နားထောင်ခဲ့ပါသနည်း။ ဆိုလိုသည်မှာ သင်ပြောကြားနေသည်ကို တစ်ပါးသူက အလေးဂရုပြု နားထောင်၍ သင်ပြောကြားနေသည့် အကြောင်းအရာ အပေါ် မှန်ကန်စွာ တုံ့ပြန်ခြင်းမျိုး ဖြစ်သည်။
