မိတ္ထီလာ အ.ထ.က ၁ အနီးကန်ပတ်လမ်းအား အရှည်(၁၈၀၀) ပေရှိ ကွန်ကရစ် ခင်းမည် 10 November 2020 / Comments မိတ္ထီလာ အ.ထ.က ၁ အနီးကန်ပတ်လမ်းအား အရှည်(၁၈၀၀) ပေရှိ ကွန်ကရစ် ခင်းမည် မိတ္ထီလာ နိုဝင်ဘာ ၁၀ ချမ်းသာ
အေးချမ်းသာစံပြကျေးရွာတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး 9 November 2020 / Comments အေးချမ်းသာစံပြကျေးရွာတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး တပ်ကုန်း နိုဝင်ဘာ ၉ တင်စိုးလွင်
| 11/08/2020 ကိုဗစ်-၁၉ ကပ်ရောဂါ၊ သွေးရည်ကြည်ကုထုံးနှင့် ဒါနဥပပါရမီကုသိုလ် ကျွန်မတို့တစ်တွေ ကမ္ဘာနဲ့တစ်ဝန်း လူပေါင်းများစွာရဲ့ အသက်ပေါင်းများစွာကို ထိခိုက်ဖျက်ဆီး ခဲ့တဲ့အပြင် စိုးရိမ်ကြောင့်ကြ ဒုက္ခများစွာခံစားရစေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ခုခံတွန်းလှန် နိုင်ဖို့အတွက် ကာကွယ် ဆေးကို အမျှော်လင့်ကြီး မျှော်လင့်နေကြရပါတယ်။ Read more
| 11/08/2020 ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်နေ ကျောင်းသားဘဝဖြတ်သန်းမှု အောက်တိုဘာ ၃၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါက်တာဦးသန်းဦးက “ရန်ကုန် တက္ကသိုလ်နေ ကျောင်းသား ဘဝ”ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ရာတွင် “အချုပ်အားဖြင့် စာရေးသူအနေဖြင့် တင်ပြဆွေးနွေးလိုသည်မှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စသည့် ကျောင်းသား ဘဝတွင် စာသင်သားဘဝသက်သက်ဖြင့် ပြည့်စုံလုံလောက်မှု မရှိပါ၊ အဆောင်နေဘဝပါ တစ်ပါတည်း ထည့်သွင်းပါဝင်မှုပြုပါမှ ပြည့်စုံသောဘဝကို မုချရရှိကြရလိမ့်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်ကို တွေ့ရပါသည်။ Read more
| 11/08/2020 ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲက ကျန်စစ်သားမင်းကြီးရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုတာ ရန်ကုန်တက္ကသိုလ်ဝင်းထဲကို အဓိပတိ လမ်းအတိုင်း ဝင်လာရင် ဘွဲ့နှင်းသဘင်ခန်းမ မရောက်ခင် လမ်းရဲ့ ညာဘက် သစ်ပုပ်ပင်ကြီးရဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပညာပေါင်းစုံသိုမှီးရာ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွှယ်ပြီး ပညာရှာမှီးသူတွေဟာ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်ကို အကြိမ်ကြိမ်အခါခါ ရောက်ရှိခဲ့ကြတာဖြစ်ပေမဲ့ ဒီအဆောက်အအုံထဲမှာ ပုဂံခေတ် ကျန်စစ်သားမင်းကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်စစ်စစ်တစ်ခုရှိတယ်ဆိုတာ သိတဲ့သူ သိပ်များများစားစား မရှိလှပါဘူး။ Read more
| 11/06/2020 မဲရုံကိုသွားလို့ မဲပေးကြပါစို့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၅) Read more
| 11/06/2020 ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။ Read more
| 11/06/2020 တန်ဖိုးဟူသည် တစ်နေ့သော ညနေချမ်းတွင် မိုးသည် သဲသဲမဲမဲရွာနေ၏။ မိုးရာသီပဲ ရွာမှာပေါ့ဟု အားပေးသူများလည်း ရှိကြသည်။ မိုးသည် လယ်သမားများအတွက် အားဆေးတစ်ခွက် ဖြစ်မည်။ ကျွန်တော်တို့လို အဓိပတိလမ်းမပေါ် လမ်းလျှောက်လိုသူများအတွက် အဖျက်သမားဖြစ်မည်။ လမ်းဘေးဈေးသည် များအဖို့ မဟာရန်သူမည်၏။ မိုးခေါင်ရေရှား စိုက်ပျိုးရေးသမားများအတွက် အနဂ္ဃရတနာထိုက်မည်။ ထိုစဉ် ခိုင်ထူးသီချင်းထဲက “မှောင်မိုက်ခြင်းရဲ့အဓိပ္ပာယ် အလင်းတန်းတွေ့တဲ့အခါ သိလိမ့်မယ်”ဆိုသည့် သီချင်းပိုဒ်ကလေးကို အကြိမ်ကြိမ် ရွတ်ဆိုမိခဲ့သည်။ မှန်ပါပေ၏။ အခုလည်း အချို့က မိုးကို အပြစ်တင်ကြ၊ မုန်းတီးကြ၊ အားပေးကြနှင့် အရောင်အသွေး စုံလှ၏။ အကယ်၍ မိုးသာမရွာဘဲ ကြာနေပါက တမ်းတကြမည်။ ကျွန်တော်လည်း ရှေ့ဆုံးကပါ ပါလိမ့်မည်။ Read more
| 11/05/2020 ကိုလိုနီခေတ် ဒီစီလျှပ်စစ်စနစ်မှ အေစီလျှပ်စစ်စနစ်သို့ သီပေါမင်းလက်ထက်က အထက်မြန်မာနိုင်ငံတွင် လျှပ်စစ်မီးစက်တစ်ခုကို တည်ထောင်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင်မူ ၁၈၇၀ ပြည့်နှစ်ဝန်းကျင်ကပင် ရန်ကုန်မြို့ရှိ ဥရောပတိုက်သားပိုင် ဆန်စက်ကြီး လေးလုံးတွင် လျှပ်စစ်မီးများ ထွန်းလင်းနိုင်ခဲ့ကြပြီဖြစ်ရာ ရေနွေးငွေ့သုံး ကိုယ်ပိုင် လျှပ်စစ်ဓာတ် အားပေးစက်များဖြင့် ထွန်းလင်းစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူသုံး နေအိမ် လျှပ်စစ်မီး ထွန်းရန်အတွက် လျှပ်စစ်ဓာတ်အားကို ၁၉၀၅ ခုနှစ်ခန့်က ရန်ကုန်မြို့တွင် စတင်ရရှိခဲ့သည်။ ထိုနှစ်က ဖွဲ့စည်းတည်ထောင်သော Rangoon Electric Tramway and Supply Company Ltd. က ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့သည်။ Read more
| 11/05/2020 ကမ္ဘာ့ဆူနာမီ အသိပညာ ပြန့်ပွားရေးနေ့ ဆူနာမီဟူသည့် ဝေါဟာရသည် ဂျပန်ဘာသာစကား မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကမ်းခြေသို့ ရိုက်ခတ်လာ သော လှိုင်းလုံးကြီးဟူသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အဓိက အကြောင်းရင်းများဖြစ်သည့် ပင်လယ်အောက်ကြမ်းပြင် တွင် မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲ ခြင်း(သို့မဟုတ်) ရေအောက်ကြမ်းပြင်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုခုဖြစ်ပွားခြင်း၊ ရေခဲတောင်များပြိုကျ ခြင်း၊ ပင်လယ်ပြင်အတွင်းသို့ ဥက္ကာခဲများ ကျရောက်ခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်အပေါ် (သို့မဟုတ်) အောက်ဘက်တွင် ကြီးမားပြင်းထန်သည့် တုန်ခါမှုတစ်ခုခု တို့ကြောင့် ဆူနာမီဖြစ်ပွားနိုင်ပါသည်။ ဘေးအန္တရာယ် ဆိုင်ရာ ကိန်းဂဏန်းများအရ ဖြစ်ပွားသည့် အကြိမ် အရေအတွက်နှင့် နှိုင်းဆကြည့်ပါက ဆူနာမီဘေးသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှုနှင့်ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပေါ်စေနိုင်သော သေမင်းတမန် သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။ Read more