မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည် အာရှလမ်းမကြီးအမှတ်(၂) (AH-2) ဖြစ်ပြီး လမ်းအရှည် ၄၉၁ မိုင်ရှိပါသည်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်း အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ပေါ်ဒေသလမ်း ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက် လျက် ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင် ၅၂/၆ တွင် ၄၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၂၆ မိုင် ၁ ဖာလုံ ဆောင်ရွက်ပြီးဖြစ်သည်။
