ဆန္ဒမဲပေးကြပါမည် စုံစုံညီညီ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ကိုးရက်မျှသာ လိုတော့သည်။ အချို့သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲတွေ ပေးပြီးကြပြီ။ အချို့ကြို တင် ဆန္ဒမဲတွေ ပေးနေကြသည်။ အချို့သော မဲဆန္ဒရှင်များအတွက် ၎င်းတို့ နေထိုင်ရာ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲတွေရယူကြမည်။ အချို့က ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲတွေ ပေးကြမည်။ အချို့က မဲရုံသို့ကိုယ်တိုင် သွား ရောက် ကာ ဆန္ဒမဲတွေပေး ကြရဦးမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုယ်စီကိုယ်စီ စုံစုံညီညီ ဆန္ဒမဲပေးကြရန် လိုအပ်သည်။ အနှစ်ချုပ်မျှဝေ ပါရစေ။
