Skip to main content

အိမ်မဲမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးလာပြည်သူများအား စိတ်ထားဖြူစင်သူများ အဖွဲ့က ထမင်းများကျွေးမွေးလှူဒါန်း

အိမ်မဲမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးလာပြည်သူများအား စိတ်ထားဖြူစင်သူများ အဖွဲ့က ထမင်းများကျွေးမွေးလှူဒါန်း အိမ်မဲ နိုဝင်ဘာ ၃၀ ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ်စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်း ပြုလုပ်

ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ်စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်း ပြုလုပ် ကျောက်ဆည် နိုဝင်ဘာ ၃၀ သက်မောင်

နတ်မောက်မြို့နယ်တွင် ပိုးချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများကွင်းသရုပ်ပြပွဲကျင်းပ

နတ်မောက်မြို့နယ်တွင် ပိုးချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများကွင်းသရုပ်ပြပွဲကျင်းပ နတ်မောက် နိုဝင်ဘာ ၃၀ သင်းသင်းမြတ်

ကလိန်အောင်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး(၁၆)ရက်တာလှုပ်ရှားမှုအစီအစဉ် ဆောင်ရွက်

ကလိန်အောင်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး(၁၆)ရက်တာလှုပ်ရှားမှုအစီအစဉ် ဆောင်ရွက် ကလိန်အောင် နိုဝင်ဘာ ၃၀ မိုးမိုးခိုင် (ကလိန်အောင်၊ပြန်/ဆက်)

ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး ဖလမ်း နိုဝင်ဘာ ၃၀ လားလောမ်အောမာ(ဂျွန်)

ရာပြည့်ရန်ကုန်တက္ကသိုလ်နှင့် သိပ္ပံပွဲခင်းများ

“နတ္ထိဝိဇ္ဇာ သမံမိတ္တံ” ၊ “ပညာနှင့်တူသော မိတ်ဆွေမရှိ” ဆောင်ပုဒ်နှင့်အညီ မိမိရင်ခွင်တွင် ခိုလှုံပညာသင်ကြားသူအားလုံးကို ပညာရပ်မိတ်ဆွေအသီးသီးနှင့် တွေ့ဆုံပေးရာ ရန်ကုန် တက္ကသိုလ်ကြီးသည် ယခုအချိန်၌ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ခေတ်စနစ်အမျိုးမျိုးကို မည်သို့ပင် ဖြတ်သန်းခဲ့ရသည်ဖြစ်စေ အမိတက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားသူ ကျောင်းသား ကျောင်းသူများ၊ တာဝန်ထမ်းဆောင်သူ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ အားလုံးသည် အမိတက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးနိုင်ရန် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။ ပညာရပ်ဆိုင်ရာပွဲများ၊ အားကစား၊ အနုပညာ၊ လူမှုရေး၊ ပညာရပ် အသင်းအဖွဲ့လှုပ်ရှားမှုများ စသည့် ကျောင်းခန်းပြင်ပ လှုပ်ရှားမှုများသည် အမိတက္ကသိုလ်၏ အနှစ်သာရကို ပါဝင်ဖော်ဆောင်ပေးနေသော အရာများဖြစ်ပါသည်။

လွမ်းနေဆဲပါ မြကျွန်းညို

ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် အချိန် အခါသမယမှာ ရာပြည့်အထိမ်းအမှတ် စာစောင်တွေ ကိုဖတ်ရင်း အမိတက္ကသိုလ် မှာသူငယ်ချင်းများနဲ့ ပျော်ပါးစွာ ကျောင်းတက်ခဲ့ပုံ အကြောင်း ပြန်ပြောင်းတွေးတော မိပါတယ်။

ပထမ အဲဒီစိန်ရတုကာလပြီးတော့ အခုရာပြည့်ကာလအထိ ရန်ကုန်တက္ကသိုလ်ရဲ့ အအောင်မြင် ဆုံးက Ph.D. ဘွဲ့ရတွေ အဆင့်မြင့်မြင့် မွေးထုတ်ပေးနိုင်ခဲ့တယ် (ဒေါက်တာစိုးရင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်-ငြိမ်း)

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူ ဒေါက်တာစိုးရင် ပါမောက္ခချုပ်(ငြိမ်း)အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်-

ကျွန်မတို့ခေတ်က တက္ကသိုလ်ဝန်းကျင်ကဗျာများ

ကျွန်မ ရန်ကုန်တက္ကသိုလ်ကို ၁၉၆၆ ခုနှစ်မှာ စတင်ရောက်ပါသည်။ နယ်ကောလိပ်မှာ ဒုတိယ နှစ်အောင်ပြီးမှ တတိယနှစ် ကျောင်းသူအဖြစ် ရောက်ရှိခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဘွဲ့ရ အလုပ်ဝင်ပြီး ၂၀၀၆ ခုနှစ် အငြိမ်းစား ယူပြီးသော်လည်း ပါရဂူတန်းများ စာပြခြင်း၊ ပါရဂူ ကျမ်းများ ကြီးကြပ်ခြင်း၊ ကျမ်းစစ်ဆေးခြင်းများဖြင့် ယနေ့တိုင် ရန်ကုန်တက္ကသိုလ်အရိပ် ခိုလှုံနေဆဲ ဖြစ်ပါသည်။
Subscribe to