ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှ၏ သားဦးကျော်စွာလှနှင့် ရန်ကုန်တက္ကသိုလ်နှင့် စပ်လျဉ်းသည့် အမှတ်တရများ မေးမြန်းခြင်း
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်းနှစ် ၁၀၀ ပြည့်မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် တာဝန်အဆက်ဆက် ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများ အနက် သက်ရှိထင်ရှား ပါမောက္ခချုပ်ကြီးများရှိသကဲ့သို့ ကွယ်လွန်သွားခဲ့ကြသည့် ပါမောက္ခချုပ် ကြီးများ ရှိကြပါသည်။
