လတ်တလောကာလအတွင်း ဧရာဝတီလင်းပိုင်များ စံချိန်တင်သေဆုံးနေသည့် သတင်းများ စဉ်ဆက် မပြတ်ဖတ် နေရပါသည်။ လွန်စွာ စိတ်မကောင်းဖြစ်ရပါ၏။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဆောင်ရွက် နေသူများ၊ တာဝန်သိပြည်သူများကလည်း စိုးရိမ်တကြီး နှိုးဆော်နေကြသည်ကို တွေ့မြင်နေရ၏။ ယင်းနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံနေသည်ကို ဖတ်ရသည်မှာ စိတ်မချမ်းမြေ့လှ။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်မှု့များ၊ အသိပညာပေးမှုများ ဆောင်ရွက်နေ သည့်ကြားမှပင် အခုကဲ့သို့ ဧရာဝတီလင်းပိုင်များ သေဆုံးမှု့များပြားလာသည့်အကြောင်းရင်းအား ဝိုင်းဝန်း အဖြေရှာရန် လိုအပ်နေပြီဆိုသည်မှာ ဧရာဝတီလင်းပိုင်များ လတ်တလောအတွင်း သေဆုံးသည့်အကောင်ရေ များပြားလာခြင်းက သက်သေဟု ဆိုရပါမည်။