မိုးရာသီနှင့်ဆက်စပ်နေသော လျှပ်စစ်အန္တရာယ်များ
မိုးရာသီရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရေကြီးရေလျှံ သည့် သဘာဝဘေးအန္တရာယ် “ရေဘေးဒုက္ခ” ကို ခံကြရ သည်မှာ နှစ်စဉ်လိုလိုဖြစ်ပါသည်။ မြစ်များ၊ ချောင်းများနှင့် နီးသောနေရာဒေသများ၌ မြစ်ရေ၊ ချောင်းရေတိုး၍ ရေကြီးရေလျှံဖြစ်ရသလို မြစ်များ၊ ချောင်းများမရှိ၊ မြစ်များ၊ ချောင်းများနှင့်ဝေးသော်လည်း မိုးသည်းထန်စွာ ရွာ၍ ရေကြီးရေလျှံဖြစ်ရသည့် နေရာဒေသများလည်း ရှိပေသည်။
