Skip to main content

အမျိုးသားယဉ်ကျေးမှု ယွန်းအနုပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်

မြန်မာ့ယွန်းထည်လက်မှုပညာခေါ် ပန်းယွန်းသည် လက်မှုပညာချည်းသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လူမျိုးများ၏ ပေါင်းစည်းခြင်းအား ဖော်ပြနေခြင်းဖြစ်သည်။ ယွန်းထည်လုပ်ငန်းအတွက် လိုအပ်သော ဝါးများကို ဧရာဝတီမြစ်ညာ ဒေသများမှထုတ်လုပ်ရပြီး ယွန်းထည်တွင် သုတ်လိမ်းရမည့် သစ်စေးသည် ရှမ်းကုန်းမြင့်ဒေသတွင်သာ အများဆုံးထွက်ရှိပါသည်။ ထို့အတူ ယွန်းထည်ဆေးခြယ်ရန်နှင့် တန်ဆာဆင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများသည် ယွန်းထည်ထုတ်လုပ် ရေးလုပ်ငန်းများရှိရာ ပုဂံမြို့တွင် ထွက်ရှိခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံဒေသအသီးသီးမှထွက်ရှိကာ ပုဂံသို့ပို့ဆောင်ပြီးမှ ယွန်းထည်များထုတ်လုပ်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ပုဂံမြို့ရှိ ယွန်းကောလိပ်သို့ ယွန်းအတတ်ပညာဖလှယ်ရန်လာသော ဂျပန်၊ တရုတ်မှ ယွန်းပညာရှင်များက မြန်မာ့ယွန်းထည်တစ်ခုသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည်ဟု မှတ်ချက်ချသွားကြောင်း သိရှိရပါသည်။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Subscribe to