သက်တမ်းရင့်လွတ်လပ်ရေးနှင့် ပြည်သူများ၏ ဆန္ဒမီးရှူးတိုင်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝကလွတ်မြောက်၍ လွတ်လပ်ရေးရရှိသော (၇၇) နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်သည်။ လွန်ခဲ့သည့် (၇၇) နှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက လွတ်လပ်ရေးရရှိတော့မည့် မင်္ဂလာအချိန်အခါကို ပြည်သူတို့ စောင့်ဆိုင်းနေကြလိမ့်မည်။
