ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၄) (အခြားသောအသင်းအဖွဲ့များ)
MSME ဆောင်းပါးများ ရေးနေရင်းက “မိုခါ” ကို သတိရစရာတွေ ပေါ်လာပြန်ပါသည်။ “မိုခါ” မုန်တိုင်း ဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဂုဏ်ပြုဆောင်းပါးများရေးခဲ့စဉ်က ဝန်ကြီးဌာန (၁၃) ခုနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့အတွက် တစ်ပုဒ်စီ သီးခြားဖော်ပြပေးခဲ့ပါသည်။
