မျိုးဆက်အလီလီ တာဝန်ကျေခဲ့ကြပါသည်
၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ။ အင်္ဂလိပ်စစ်သေနာပတိချုပ် ဂျင်နရယ်ပရင်ဒါဂတ်က တပ်များချီတက်ရန် အမိန့်ထုတ်ပြန်ပြီးနောက် အင်္ဂလိပ်စစ်သင်္ဘောများ မန္တလေးမြို့ ဂေါဝိန်ဆိပ်သို့ ဆိုက်ရောက်လာကြသည်။ တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်လျက် ရှိပေသည်။
