ဒီဒေါ်လာရိုက်ဇေးရှင်း (De - dollarization) အဆိုးအကောင်း
(၁) နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင် လည်းကောင်း ၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင်လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလ တစ်လျှောက်လုံး ရှိနေခဲ့သည်။
