Skip to main content

မြန်မာ့ဘောလုံး အောင်မြင်စေချင်

မြန်မာတစ်မျိုးသားလုံးက အားကစားနည်းများအားလုံးတွင် ဘောလုံးအားကစားနည်းကို ပိုမိုနှစ်ခြိုက်စွာအားပေးကြသဖြင့် အမျိုးသားအားကစားဟုပင် သတ်မှတ်ထားကြပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲများဖြစ်သည့် အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ယခင်အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ)နှင့် ဒေသတွင်းဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် မြန်မာ့ဘောလုံးအသင်းများ အောင်မြင်မှုအလီလီရရှိခဲ့သည့် မြန်မာ့ဘောလုံးရွှေခေတ်ကို ရောက်ရှိခဲ့ဖူးသည်။ ထိုမျှသာမက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အသန့်ရှင်းဆုံးအသင်းဆုပင် ရရှိခဲ့သည့် သမိုင်းမှတ်တမ်းလည်းရှိခဲ့ပါသည်။ ထိုစဉ်က မြန်မာ့ဘောလုံးအသင်းအောင်မြင်မှုရရှိလာသည့်အခါတိုင်း အခြားအားကစားနည်းများ အောင်မြင်မှုရရှိသည်ထက် တစ်နိုင်ငံလုံးက အုတ်အော်သောင်းတင်း အားပေးကြ၊ ဂုဏ်ပြုကြိုဆိုကြ၊ အောင်ပွဲခံခဲ့ကြသည်။ “မြန်မာနိုင်ပြီ” သီချင်းသံကလည်း လေလှိုင်းမှ တစ်နိုင်ငံလုံးပျံ့လွင့်ခဲ့သည်ကိုလည်း ပြန်လည်တမ်းတမြင်ယောင်မိပါသည်။ သို့ရာတွင် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း အောင်မြင်မှုအစဉ်အလာမြင့်မားခဲ့သည့်ဘောလုံးအားကစား သိသိသာသာကျဆင်းလာခဲ့သည်ကို ဝမ်းနည်းဖွယ်မြင်တွေ့ခဲ့ရသည်။

ကျန်းမာရေးကောင်းမွန်ဖို့ ရုံးပတီသီးစားကြစို့

လောကကြီးမှာရှိတဲ့ လူမှန်သမျှ အစာအာဟာရပြည့်မှ စွမ်းအင်ပြည့်ဝမယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ တက်ကြွမြန်ဆန်မယ်။ အတွေးအခေါ်တွေကောင်းမယ်။ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေရနိုင်မှာဖြစ်လို့ စွမ်းအင်ပြည့်ဝဖို့လိုပါတယ်။ စွမ်းအင်ပြည့်ဝဖို့ရာလည်း သင့်တင့်မျှတတဲ့ အစာအာဟာရတွေကို ရွေးချယ်စားတတ် ဖို့လည်းလိုပါတယ်။ သစ်သီးနဲ့ အသီးအနှံ/ ဟင်းသီးဟင်းရွက်လေးတွေကတော့ လူတိုင်း နေ့စဉ်မဖြစ်မနေစားသင့်တဲ့ အာဟာရထဲမှာပါပါတယ်။ အရည်ရွမ်းပြီး ဗီတာမင် (Vitamin)၊ သတ္တုဓာတ် (Metal) နဲ့ အမျှင်ဓာတ် (Fiber) ပေါကြွယ်ဝတဲ့ အသီးအရွက်လေးတွေက လူရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အရေးပါလှပါတယ်။

အိုဇုန်းလွှာထိန်းသိမ်းရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး

ကျွန်ုပ်တို့နေ့စဉ်ထိတွေ့နေရသော ထိုနေရောင်ခြည်တွင် လူကိုထိခိုက်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်များ ပါဝင်လျက်ရှိသည်။ ထိုခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးလျက်ရှိသည့် သဘာဝဒိုင်းကြီးမှာ အိုဇုန်းလွှာပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းများသည် အိုဇုန်းလွှာပါးလွှာမှုအပေါ် အလေးထား၍ စုပေါင်းကာကွယ်စောင့်ရှောက်လျက်ရှိရာ လာမည့်ဆယ်စုနှစ်ကာလအတွင်း အိုဇုန်းလွှာပြန်လည်နာလန်ထူလာတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့ ပူးပေါင်းအကဲဖြတ်သုံးသပ်ထားသည်။

အလေးထားလိုက်နာ နှလုံးကျန်းမာ

၂၁ ရာစု နေထိုင်မှုပုံစံအရ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ အလွန်များပါတယ်။ အသင့်စားအစားအသောက်များ ပေါများလာခြင်း၊ ကိုယ်ခန္ဓာကို အသုံးပြုလုပ်ရတဲ့ အလုပ်အကိုင်တွေထက် ကွန်ပျူတာရှေ့ထိုင်ပြီး လုပ်ကိုင်ရတဲ့အလုပ်တွေ ပေါများလာခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်းတို့ကြောင့် ရောဂါဘယထူပြောလာကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ရေကြီးရေလျှံမှုကြောင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံအတွင်း ရေဝင်ရောက်နေမှုနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ World Trade Centre (WTC) တွင် ကျင်းပသည့် BRICS Media Summit သို့ တက်ရောက်၊ ညနေပိုင်းတွင် ရုရှားသတင်းဌာန Tass ၏ နှစ် (၁၂၀) မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ရုရှားရိုးရာ ယဉ်ကျေးမှုအနုပညာဖျော်ဖြေတင်ဆက်ပွဲ တက်ရောက် ကြည့်ရှုအားပေး (စက်တင်ဘာ ၁၄)၊ World Media Summit ဒုတိယနေ့ ပိတ်ပွဲအခမ်းအနား တက်ရောက်၊ ညစာစားပွဲတက်ရောက်(စက်တင်ဘာ ၁၅)

Subscribe to