ထုတ်ကုန်တိုးမြှင့်ခြင်းဖြင့် နိုင်ငံခြားငွေယိုစီးမှု ဟန့်တားနိုင်မည့် ပြည်တွင်းဖိနပ်လုပ်ငန်းများ
နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီ ကျား၊ မ၊ လူကြီးလူငယ်မရွေး ဝတ်ဆင်ကြသည့် လူ့အသုံးအဆောင် အဆင်တန်ဆာတစ်ခု ကိုပြပါဆိုလျှင် ဖိနပ်ကို ပြရမည်ဖြစ်သည်။ ဖိနပ်သည် လူတစ်ဦးချင်း၏ နေ့စဉ်တစ်ကိုယ်ရေ အသုံးအဆောင်အတွက် မရှိမဖြစ်လည်းဖြစ်သည်။
