ကလေးများကျောင်းတက်တာဟာ အနာဂတ်နိုင်ငံတော် ထွန်းတောက်စေဖို့ပါ
မြန်မာတို့၏ “ကျောင်း” ဆိုသည့် အဓိပ္ပာယ်က ထိန်းကျောင်းကလာသည်ဟု ဆိုပါသည်။ ကလေးများကို ယနေ့မှစ၍ ဘဝအဆုံးသတ်သည့်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းကျောင်းတတ်အောင် လေ့ကျင့်ပေးသည့်နေရာပါ၊ အများမြင်သလို “စာချည်း သက်သက်သင်” ပေးသည့်နေရာမဟုတ်ပါ။ စာကိုအခြေပြု၍ လူ့စွမ်းရည် အစွမ်းကုန်ဖွံ့ဖြိုးအောင် လေ့ကျင့်သည့်နေရာပါ။
