Skip to main content

ဝါတစ်ခေတ်ဆန်းသစ်စေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်စေမည်

ဝါသီးနှံသည် အဝတ်အထည်ထုတ်လုပ်မှု အတွက်သာမက ပြည်တွင်းဆီဖူလုံရေးအတွက် စားသုံးဆီနှင့် စက်မှုလုပ်ငန်းသုံးဆီကို ဝါအစေ့မှထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖတ်များကို အသား ထုတ်လုပ်မှုတိုးတက်ရေးအတွက် တိရစ္ဆာန်အစာအဖြစ်ပါအသုံးပြုနိုင်၍ စီးပွားရေးအရ အရေးပါသော သီးနှံတစ်ခု ဖြစ်သည်။

နာနာကျင်ကျင်

ထိုဝေါဟာရနှင့်ပတ်သက်၍ စာရေးသူချင်း ရှင်းခဲ့ရဖူး၏။ ပညာရေးအရာရှိကြီးတစ်ယောက်နှင့်လည်း ဆွေးနွေးခဲ့ဖူး၏။ သို့ရာတွင် ထိုသူတို့သည် ပညာနှင့် နီးကြသူများဖြစ်၍ ငြင်းခုံခြင်းကင်းကာ တစ်ခဏအတွင်းမှာပင် ဘဝင်ကျသွားကြသည်ချည်းဖြစ်၍ တော်ပေသေး၏။

ဒွါရာဝတီ ငပလီကမ်းခြေဒေသမှ MSME ငါးနီတူပြုတ်ခြောက်လုပ်ငန်းကို လေ့လာခြင်း

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်၏ နေဝင်ရာအနောက်အရပ်ကို မျက်နှာမူလျက်တည်ရှိကာ ပြန့်ပြူးသောရေပြင် ညီကမ်းခြေ၊ ဖြူလွသောသဲသောင်ပြင်၊ ကြည်လင်သောရေပြင်နှင့် ပြာလဲ့သောပင်လယ်ပြင်ကြီးတို့ဖြင့် ကမ်းခြေအလျား ၈ ဒသမ ၅ မိုင်ခန့်ရှိကာ အေးချမ်းသာယာလှပသောကမ်းခြေအဖြစ်ကောင်း သောအမည်နာမများဖြင့် ကမ္ဘာကျော်သော ဒေသတစ်ခုလည်းဖြစ်ပါသည်။ အလွန်ကျယ်ပြောပြီး အေးချမ်းသော ကမ်းခြေပင်လယ်ပြင်ကြီးကို ပိုင်ဆိုင်ထားသဖြင့် ပြည်တွင်းပြည်ပမှ အနားယူအပန်းဖြေဧည့်သည်များဖြင့် အလွန်စည်ကားသလို တစ်ခါတစ်ခေါက်လာရောက်သော ဧည့်သည်များအား လတ်ဆတ်သော ရေငန်ငါး/ပုစွန်မျိုးစုံတို့ ကလည်း သဘာဝမှမျက်နှာသာပေးထားသည့်အလား ပင်လယ်စာများစွာဖြင့် ဆွဲဆောင်မှု ကောင်းသော ဒေသတစ်ခုလည်း ဖြစ်ပါသည်။

စိုက်ပျိုးရေးအတတ်ပညာများလေ့လာသင်ယူဖို့ အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ကြစို့

မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏စီးပွားရေးထုတ်ကုန် အများစုသည် စိုက်ပျိုးရေးကဏ္ဍမှ ထွက်ပေါ်လာကြသည်။ တိုးပွားလာသော လူဦးရေနှင့်အညီ နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရန်အတွက် လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် ထုတ်လုပ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လာသည်။
Subscribe to