အနာဂတ်ကမ္ဘာ စိမ်းလန်းစိုပြည်ဖို့ မြေသယံဇာတကို ပြန်လည်ထိန်းသိမ်းကြပါစို့
၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမဆုံးအကြိမ် လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံ ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ပြီး ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများက ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အာရုံစူးစိုက်ဖြေရှင်းဆောင်ရွက်လာကြစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်ခဲ့ပါသည်။
