Skip to main content

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ် ပုသိမ် မေ ၂၀ လှမင်းထွဋ်(ပြန်/ဆက်)

မိုးညှင်းမြို့၌ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး အသိပညာပေး Talk Show ဆောင်ရွက်

မိုးညှင်းမြို့၌ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး အသိပညာပေး Talk Show ဆောင်ရွက် မိုးညှင်း မေ ၁၈ ရွှေမိုးညှင်း

လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကျင်းပမည်

မြန်မာ့အားကစားလောက ရေရှည်တိုးတက် အောင်မြင်လိုပါက အမြဲတမ်းလိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များမှာ “လူထုအားကစား လှုပ်ရှားမှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေး စီမံဆောင်ရွက်ရမည်”၊ “လူငယ်/လူရွယ်မျိုးဆက် သစ်များအမြောက်အမြား တစုတဝေးတည်းရှိနေသည့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်/ကောလိပ်များတွင်အားကစားနှင့် ပညာရေးထိထိမိမိပေါင်းစပ်နိုင်ရေး စီမံဆောင်ရွက်ရမည်”၊ “အားကစားနည်းအလိုက် ထူးချွန်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေးအတွက် နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲများ ပုံမှန် ကျင်းပပြုလုပ်ရမည်”၊ “အားကစားပြိုင်ပွဲမျိုးစုံ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားအထောက် အကူပစ္စည်းများ ပြည့်စုံစွာ ဖန်တီးပေးရမည်”၊ “ကျင်းပသည့်ပြိုင်ပွဲများသို့ အဆင့်မီမီဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အဆင့်ဆင့်သောပြိုင်ပွဲများ ပြုလုပ်ပြီး လူရွေးချယ်ခြင်း၊ အဆင့်မီနည်းပြများဖြင့် လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်ပြီးမှသာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်”၊ “ကျင်းပမည့်ပြိုင်ပွဲတိုင်း ပြိုင်ပွဲအဆင့်အတန်း မြင့်မားပြီး ပြိုင်ဆိုင်မှုပြင်းထန်အောင် တာဝန်ရှိသူ များက ကြီးကြပ်စီမံဆောင်ရွက်ရမည်”၊ “ခေတ်နှင့် အညီ တိုးတက်လာသည့် အားကစားသိပ္ပံနှင့် အားကစားလေ့ကျင့်ရေး သဘောတရားများအား မျက်ခြည်မပြတ် လိုက်ပါဆောင်ရွက်နိုင်ရမည်”၊ “အားကစားနည်းအလိုက် အရည်အသွေးပြည့်မီသည့် နည်းပြများ၊ ဒိုင်/ဂျူရီများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများအထိ ထိုးဖောက်တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ရမည်”၊ “သက်တမ်းအလိုက်ပြိုင်ပွဲများမှ ပေါ်ထွက်လာသည့် အားကစားနည်းအလိုက် ထူးချွန်မျိုးဆက်သစ်များကိုသာ အားကစားသိပ္ပံများနှင့် အားကစားအကယ်ဒမီကျောင်းများတွင် ကျစ်လျစ်သိပ်သည်းသောအင်အားဖြင့် ရေရှည်စခန်းသွင်း လေ့ကျင့်ပြုစုပျိုးထောင်ရမည်”၊ “အားကစားအသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်ရမည်” ဖြစ်ပါသည်။

ဝတ်ဆင်ရေးအဆင်ပြေဖို့ ဝါသီးနှံတိုးချဲ့စိုက်ပျိုးစို့

အတိတ်ငယ်ဘဝကို ပြန်မြင်ယောင် နေမိသလို ခံစားမိပါသည်။ စာရေးသူတို့ နေထိုင်ရာဒေသတွင် ယခုကဲ့သို့ သင်္ကြန်ပြီး ခါစကာလမှာ ဝါခင်းများကို ပေါင်းပေါက် ခဲ့ကြရသည့်အလုပ်က လက်လုပ်လက်စားများအဖို့ အလုပ်အကိုင်အခွင့်အလမ်းရရှိနေခဲ့ခြင်းဖြစ်ပါသည်။ ဇွန်-ဇူလိုင်လတွင် ဝါများကောက်ကြရသည့် အခါမှာလည်း ရွာလုံးကျွတ်ကိုယ်စီ ဝါကောက်ထွက်ကြရသည့် အလုပ်က ပျော်မွေ့ဖွယ်ကောင်းလှပါသည်။

စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး

“လူထုတက္ကသိုလ်၊ ဘဝတက္ကသိုလ်၊ ပညာဘဏ်တိုက်စာကြည့်တိုက်” ဟု တင်စားညွှန်းဆိုထားသော စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်းသည် (၁) လူကြီးလူငယ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ (၂) စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာခြင်း၊ (၃) အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ (၄) အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေခြင်း၊ (၅) ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေခြင်း၊ (၆) နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိကြစေပါသည်။

ပညာပန်းများ ပွင့်လန်းဖို့ ကျောင်းအပ်ကြပါစို့

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ပညာရေး ဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများကို သင်ကြားမှု၊ အုပ်ချုပ်မှု စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီဖြစ်သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ KG မှ Grade 12 အထိ တန်းစေ့ စနစ်သစ်သင်ရိုးပြည့်ဖြင့် စတင်သင်ကြားနိုင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် KG+12 ကို တန်းစေ့ စနစ်သစ် ပညာရေးသင်ရိုးဖြင့် ဒုတိယပညာသင်နှစ်အဖြစ် ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။ အဆင့်ဆင့်သော အခြေခံပညာကျောင်းများတွင်လည်း လိုအပ်သော အဆောက်အအုံများကို ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်နှစ်စဉ်လိုအပ်မည့် ကျောင်းသုံးစာရေးခုံ၊ ထိုင်ခုံနှင့်ပရိဘောဂများ၊ စာအုပ်စာတမ်းများ၊ မူလတန်းအဆင့် ယူနီဖောင်းဝတ်စုံများ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေ (School Improvement Funds)များ၊ ကျောင်းကျန်းမာရေး အထောက်အပံ့အစီအစဉ်များနှင့်အတူ ဆောင်ရွက်ထားပြီဖြစ်သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အသေးစားဓာတ်အားပေးစနစ်

“အရင်တုန်းကကျ မီးစက်နဲ့ဆိုတော့ အလုပ်တစ်ခုလာ တစ်ခါစက်မနှိုးနိုင်ဘူးလေ ဆရာ... အလုပ်တွေ အများကြီးလာမှ စက်နှိုးပြီးလုပ်ရတော့ လူလည်းပန်းတာပေါ့… အမြန်လိုရင်လည်း အမြန် မရောက်ဘူးပေါ့ ဆရာရယ်… လုပ်နိုင်မယ့်ပမာဏနဲ့ ချင့်လက်ခံရတော့ အများကြီးလည်း လက်ခံလုပ်မပေးနိုင်ဘူး၊ ခုကတော့ ခလုတ်လေးတစ်ချက်နှိပ်ရုံဆိုတော့ အလုပ်တစ်ခုလာ တစ်ခါလုပ်ပဲ... စုပြုံပြီး အချိန်လုလုပ်ရတာ မဟုတ်တော့အလုပ်တွေလည်း ပိုလက်ခံနိုင်၊ ပိုလုပ်နိုင် လာတာပေါ့ဗျာ”
Subscribe to