လူမှုရေး

အောင်စိတ်မွေးပါ

တင်မောင်စိုး(မန်းမြေ)

============

အောင်မြင်ချင်သလား။ အောင်မြင်ချင်ရင် အောင်စိတ်အရင်ရှိရပါမယ်။ အောင်နိမိတ် အတွေးနဲ့ အောင်စိတ်မွေးပါ။ အောင်စိတ်ဟာ အောင်မြင် စေဖို့အတွက် ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ဆရာကြီးလယ်တွင်းသား စောချစ်နဲ့ စာပေဟောပြောပွဲများစွာ လိုက်ပါရင်း အောင်စိတ်အကြောင်း ပရိသတ်နှစ်သက်လက်ခံသဘောကျအောင် ဟောပြောအားပေးပုံတွေ ကို နားထောင်ခဲ့ရပါတယ်။ ကြားခဲ့ရ၊ မှတ်သားခဲ့ရဖူးပါတယ်။ ဘဝမှာ အောင်စိတ်ရှိဖို့က အခြေခံကျကျအရေးကြီးလှပါတယ်။ 

အပေါင်းအသင်း

ပီမိုးနင်း

====

 

အချို့သောသူများကို  အသင် တွေ့ကြုံစကားပြောရ သည့်အခါ  အထပ်ထပ်တွေ့ချင်သောစိတ်   ရှိဖူးပေ လိမ့်မည်။ ဤကား  ရုပ်ရည်နှင့်မသက်ဆိုင် ခင်မင် ခြင်းတစ်မျိုး ဖြစ်လေသည်။ အဘယ်သို့သောအခြင်း အရာဟု အသင်သတိပြုမိပါရဲ့လား။ 


သတိမပြုမိက သံလိုက်ဓာတ်၊  ညှို့ဓာတ်ကျမ်း များကို တွေးမိပေလိမ့်မည်။ စကားပြောသည့်အခါ တစ်ဖက်သား၏ နှာခေါင်းအရင်းကို ကြည့်၍ပြော၊ သံလိုက်ဓာတ်အားကောင်းအောင်     အသက်ကို အဘယ်လိုရှူ၊  အဘယ်လို (Affirmation) ဂါထာကို ရွတ်    ဟူသောနည်းများဟု        မှတ်ထင်ကောင်း မှတ်ထင်မိပေလိမ့်မည်။ 

ကမ္ဘာကြီးဟာ ပူလိုက်၊ နွေးလိုက်၊ အေးလိုက် ဒီလိုပါပဲ

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
 

=======================

 

(ယမန်နေ့မှအဆက်)

ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း

ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည်အထိ (တေဇောဓာတ် လောင်ကျွမ်းခြင်း) စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။                                                                                                                                                                                                  

သုံးနားစုပေါင်း-ဘကကျောင်း

ကေကေ (မဟာဝိဇ္ဇာ)
 

===========

 

သာသနာရေးနှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်၊        နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၊      အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၊  အနုပညာအထက်တန်း ကျောင်းများ၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်းနှင့်  အခြေခံပညာကျောင်းများ ရှိသည်။    အခြေခံပညာကျောင်းများဖြစ်သော မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ အထက် တန်းကျောင်းများသည်   ဘကကျောင်း    ခေါ် ဘုန်းတော်ကြီးသင်      ပညာရေးကျောင်းများ ဖြစ်ကြသည်။


သမိုင်းအကျဉ်း

Subscribe to လူမှုရေး