Aug 23, 2022
မြန်မာနိုင်ငံသည် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုအတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများကိုသာမက နိုင်ငံတော်ဆုံးရှုံးနစ်နာမှုများကို အရေးယူနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၁ ရက်တွင် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ၌ “မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကိုတောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊
Aug 23, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 23, 2022
အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 23, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
Aug 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Aug 23, 2022
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပသည်။
Aug 23, 2022
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ PDF/YDF အမည်ခံအကြမ်းဖက်အဖွဲ့က အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူ ၆ ဦးအားသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မော်တော်ယာဉ် ၂ စီးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
Aug 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Aug 23, 2022
၁။ မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေး စခန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Aug 23, 2022
ဒုတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲ (2nd ASEAN – Russia Consultations of the High Representatives for Security Issues) ကို ယနေ့မွန်းလွဲပိုင်း က Video Conferencing စနစ်ဖြင့် ကျင်းပရာ ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင် တက်ရောက်သည်။
Aug 23, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 23, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 23, 2022
ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှု ရုံးထိုင်ကြားနာ
Aug 23, 2022
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အာရောဂျသုခ တက္ကသိုလ်ဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက် ညနေ ၄ နာရီတွင်
Aug 23, 2022
“နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လူမှုရေးနှင့် နိုင်ငံရေးကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံတည်ငြိမ်လာပြီး ဆောင်ရွက်လိုသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင် ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန်အတွက် တစ်ဖက်မှလည်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည်။
Aug 23, 2022
မျက်မှောက်ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိသည့်အနက် လေးပုံ သုံးပုံခန့်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) များ အပါအဝင်ဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံ များဖြစ်သည်။ ကျန်သည့် လေးပုံတစ်ပုံမျှသော နိုင်ငံများသည်သာ စက်မှုနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့ဖြစ်ကြသည်။ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ဆိုသည်မှာ အောက်မှအထက်သို့သွားသည့် ဖြစ်စဉ် (Bottom-up) ဟုဆိုရမည်ထက် အထက်မှ အောက်သို့သွားသည့်ဖြစ်စဉ် (Top- down) ဖြစ်စဉ်သဘောကို ပိုမို၍ ဆောင်ယူကြောင်း၊ သို့ဖြစ်ရာ နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိရောက်ထက်မြက်သော ခေါင်းဆောင်မှုရရှိရန် လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။
Aug 22, 2022
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Aug 22, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျောဆော်လမွန်နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
Aug 22, 2022
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Aug 22, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအဖွဲ့အစည်း(၁၉)ခုမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
